အစ္စရေး-ပါလက်စတိုင်းအရေး မြန်မာကြားနေ

၁၁ အောက်တိုဘာ၊၂၀၂၃

အစ္စရေးက ဟားမတ်စ်ကို စစ်ကြေငြာသည်အထိမကြုံစဖူးပြင်းထန်သည့် တိုက်ခိုက်မှုတွေကြောင့် နှစ်ဘက် အသေအပျောက် ထောင်ချီရှိလာနေသော အရှေ့အလယ်ပိုင်းဒေသက လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ သဘောထားအမြင်ကို ယနေ့တွင် ထုတ်ပြန်လာသည်ကိုတွေ့ရသည်။

လက်ရှိ စစ်ဖြစ်နေသည့် အစ္စရေး-ပါလက်စတိုင်းအရေးဟု မဖော်ညွှန်းသော်လည်း သဘောထားအမြင်ထုတ်ပြန်မှုက ထိုစစ်ပွဲကိုသာ ရည်ရွယ်ပုံရသည်။

ဒုဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက “အရှေ့အလယ်ပိုင်းဒေသတွင် လတ်တလောဖြစ်ပေါ်လာသည့် တိုက်ခိုက်မှုများ အတွက် မြန်မာနိုင်ငံအနေဖြင့် စိုးရိမ်မကင်းဖြစ်မိပါကြောင်း၊ ယခုဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများအား အနီးကပ် လေ့လာစောင့်ကြည့်လျက်ရှိပြီး ပဋိပက္ခပိုမိုကြီးထွားလာမှု မဖြစ်စေရေးနှင့် လက်ရှိဖြစ်ပွားနေဆဲ တင်းမာမှုများကို လျှော့ချရေးတို့အတွက် သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့အစည်းများအကြား ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန်နှင့် ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်သွားရန် တိုက်တွန်းပါသည်”ဟု ပြောဆိုထားသည်။

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *