အစ္စရေးအပေါ် မျိုးတုန်းသတ်ဖြတ်မှုနဲ့ ပတ်သက်တဲ့ စွပ်စွဲ ချက်ပေါ် အပြည်ပြည်ဆိုင်ရာတရားရုံးက ဇန်နဝါရီ ၂၇မှာ ကြားနာ ဆုံးဖြတ်မယ်လို့ဆို

ဟေ့ဂ်၊ ဇနနဝါရီ ၂၆

ဂါဇာဒေသမှာ  အပစ်အခတ်ရပ်စဲရေးနဲ့  အစ္စရေးဓားစာခံတွေ  ထပ်ပြီးလွတ်မြောက်ရေးအတွက် သဘောတူညီချက်သစ်တစ်ရပ်ကို ညှိနှိုင်းဆောင်ရွက်ဖို့ နှစ်ဘက် တာဝန်ရှိသူတွေက ကြိုးပမ်းနေချိန်မှာ အစ္စရေးအနေနဲ့ စစ်ရေးလှုပ်ရှားမှုကို ဆိုင်းငံ့ထားဖို့  ဟေဂ်မြို့မှာရှိတဲ့ ကုလသမဂ္ဂတရားသူကြီးတွေဟာ လာမယ့် စနေနေ့ ဇန်နဝါရီ ၂၇ရက်မှာ  စီရင်ဆုံးဖြတ်ချက်ချဖို့ ရှိနေတယ်လို့ သိရပါတယ်။

အဲ့ဒိနေ့မှာပဲ အစ္စရေးအပေါ် အာဖရိကနိုင်ငံတွေက စွပ်စွဲထားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု အတွက်လည်း တစ်ပေါင်းတည်း ကြားနာမယ်လို့ သိရပါတယ်။

ဂါဇာကမ်းမြောင်မှာ  အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့်  ဂါဇာမြို့မှာ စားနပ်ရိက္ခာထောက်ပံ့ဖို့မှုရဖို့ တန်းစီနေတဲ့ ပါလက်စ တိုင်း ၂၀ ဦးသေဆုံးခဲ့ပြီး ဂါဇာအလယ်ပိုင်းက ဒုက္ခသည်စခန်းမှာရှိတဲ့ အိမ်တစ်အိမ်က  လူခြောက် ယောက် အပါအဝင် လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အနည်းဆုံး လူ ၅၀ သေဆုံးခဲ့တယ်လို့ ဂါဇာတာဝန်ရှိ သူတွေက ဖန်နဝါရီ ၂၅ ရက်က ပြောပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ  အစိုးရဦးဆောင်ပြီး လူမျိုးတုံးသတ်ဖြတ်တာတွေ လုပ်နေတယ်လို့ အာဖရိကနိုင်ငံ တွေက အစ္ စရေးအပေါ်စွပ်စွဲထားသလို့ အရေးပေါ်အစီအမံတွေ လုပ်ပေးဖို့ တောင်းဆိုထားတဲ့အပေါ် အပြည် ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ တရားသူကြီးတွေက ဇန်နဝါရီ ၂၇ ရက်နေ့မှာ ကြားနာ ဆုံးဖြတ်မယ်လို့ သိရပါ တယ်။

Ref: CNA

ပုံစာ။ အပျက်အဆီးတွေကြာက ဂါဇာမြို့

Feature Image Credit: Reuters

Visited 39 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *