အစ္စရေးအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ရင်ဆိုင်ရဖွယ် ရှိနေ

သည် ဟေ့ဂ်၊ ဇန်နဝါရီ  ၁၀

လတ်တလောမှာ အစ္စရေးဟာ  “လူမျိုးတုံးသတ်ဖြတ်မှု” တွေ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။  အစ္စရေးနိုင်ငံဟာ ဂါဇာ တိုက်ခိုက်မှုတွေမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကျူးလွန်နေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့  တောင်အာဖရိကနိုင်ငံက နယ်သာလန်နိုင်ငံ   သည် ဟိဂ် မြို့က နိုင်ငံတကာတရားရုံး (ICJ) ကို တိုင်ကြားခဲ့တာမို့ အခုလို ရင်ဆိုင်ရဖွယ်ရှိနေတာ ပဲ ဖြစ်ပါတယ်။

စာမျက်နှာ ၈၄ မျက်နှာပါတဲ့ နိုင်ငံတကာ တရားရုံး (ICJ) တင်သွင်းမှုမှာ တောင်အာဖရိက တရားသူကြီးတွေက ဂါဇာမှာ အစ္စရေး စစ်ဆင်ရေးတွေကို  ချက်ချင်းရပ်ဆိုင်းဖို့ အမိန့်ပေးခဲ့တယ်လို့ သိရပါတယ်။

အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းလူမျိုးတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ တောင်အာဖရိကက စွပ်စွဲထားတာ ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံဘက်ကတော့ အဲ့ဒိစွပ်စွဲချက်တျွေကို ဒေါသတကြီးပြန်လည်တုံ့ပြန်ခဲ့ပြီး အစိုးရပြောရေးဆိုခွင့်ရှိသူ အိုင်လွန် လေဗီးက  အဓိပ္ပါယ်မဲ့တဲ့အသရေဖျက်မှုဆိုပြီး တုံပြန်ခဲ့တယ်လို့ သိရပါတယ်။

Ref: AFP/rl

ပုံစာ။ဂါဇာတောင်ပိုင်းရဲ့  လက်ရှိအခြေအနေကို မြင်ရပုံ

Feature Image Credit: Reuters/Anas al-Shareef

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *