အစ္စရေးသမ္မတ နေတန်ယာဟု အမေရိကန်ကွန်ဂရက်မှာ မိန့်ခွန်းပြောကြားမည်

ဝါရှင်တန်၊ ဇွန် ၇

ဝါရှင်တန်ကို ခရီးထွက်မယ့် အစ္စရေးသမ္မတ နေတန်ရာဟုဟာ  ဇူလိုင် ၂၄ ရက်နေ့မှာ အမေရိကန်ကွန်ဂရက်လွှတ်တော်ကို တက်ရောက်မိန့်ခွန်းပြောမှာ ဖြစ်တယ်လို့ ရီပတ်ဘလီကန်ခေါင်းဆောင်တွေက ဇွန်လ ၆ရက်နေ့က ပြောဆိုလိုက်ပါတယ်။

 အစ္စရေးဝန်ကြီးချုပ် မိန့်ခွန်းပြောမယ့် အကြောင်းအရာကတော့ ဂါဇာက ဟားမတ်စ်ဆန့်ကျင်ရေး စစ်ပွဲနဲ့ပတ်သက်တဲ့ အမှန်တရားကို တင်ပြမှာ ဖြစ်တယ်လို့ သိရပါတယ်။

နေတန်ယာဟု ဟာ  အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ပူးတွဲအစည်းအဝေးမှာ  စကားပြောမှာ ဖြစ်တယ်လို့  အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက် ဂျွန်ဆင်နဲ့   အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် မစ်ချ် မက်ကော်နယ် တို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့  သိရပါတယ်။

 “ကွန်ဂရက်လွှတ်တော်နှစ်ရပ်စလုံးရှေ့မှာ အစ္စရေးကို ကိုယ်စားပြုခွင့်ရဖို့နဲ့ ကျွန်တော်တို့ကို ဖျက်ဆီးဖို့ ကြိုးပမ်းနေသူတွေကို စစ်မှန်တဲ့ အမှန်တရားကို တင်ပြခွင့်ရတော်မှာမို့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားမိပါတယ်” ဟု နေတန်ယာဟုက ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

Ref: Reuters
ပုံစာ။ အစ္စရေးသမ္မတ နေတန်ရာဟု

 Feature Image Credit: GIL COHEN-MAGEN/Pool via REUTERS

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *