အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဟားမတ်စ်ဆီက ဓားစာခံစာရင်းကို တောင်းဆိုခဲ့ပြီးတဲ့နောက် ဂါဇာ အပစ်အခတ်ရပ်စဲရေး နှောင့်နှေးနေပြန်

ဂါဇာ၊ ဇန်နဝါရီ ၁၉

အစ္စရေး-ဟားမတ်စ်စစ်ပွဲကာလထဲမှာ  ကာလကြာရှည်စောင့်ဆိုင်းခဲ့ရတဲ့  အပစ်အခတ်ရပ်စဲရေးကို ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက နောက်ဆုံးမိနစ်မှာပဲ  ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့က ပြန်လွှတ်ပေးမယ့် ဓားစာခံစာရင်းကို မထုတ်ပြန်မချင်း အပစ်ရပ်ဆဲရေးကို ရွှေ့ဆိုင်းမယ်လို့ ပြောဆိုလိုက်ပါတယ်။

.

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စည်းကမ်းချက်တွေကို ဟားမတ်စ်တွေက ကတိပြုရာမှာ “ပထမအသုတ်မှာ ပါမယ့် သူတွေ”ရဲ့ အမည်တွေကို ပေးအပ်ရာမှာ ကြန့်ကြာရခြင်းက  နည်းပညာဆိုင်ရာ အကြောင်းပြချက်တွေကြောင့်လို့ ဟားမတ်စ်တွေဘက်က ပြောပါတယ်။

အပစ်အခတ်ရပ်စဲရေးကို ဒေသစံတော်ချိန် နံနက် ၈ နာရီ ၃၀ မိနစ်မှာ စတင်ဖို့ တစ်နာရီလောက် အလိုမှာ  နေတန်ယာဟုရုံးက ကြေညာချက်မှာ “အပစ်အခတ်ရပ်စဲရေးကို အစ္စရေးက လူစာရင်း မသိရသေးရင် လုံးဝ စတင်မှာ မဟုတ်ပါဘူး” လို့ ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။

အပစ်အခတ်ရပ်စဲရေးစတင်ပြီး နာရီပိုင်းအတွင်း ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့  မျှော်လင့်ထားပြီး ၁၅ လကြာ စစ်ပွဲကို အဆုံးသတ်ဖို့  အစ္စရေးက လမ်းဖွင့်ပေးထားတယ်လို့ သိရပါတယ်။

ဒီ အပစ်ခတ်ရပ်ဆဲရေးကို အီဂျစ်၊ ကာတာနဲ့  အမေရိကန်တို့ လများစွာ ကြားဝင်စေ့စပ်ထားတာ ဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့  ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

Ref: CNA

ပုံစာဂ ဂါဇာဘက်ခြမ်းကို တွေ့ရပုံ

Feature Image Credit: Reuters/Amir Cohen

Visited 53 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *