အစ္စရေးဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့ ဓားစာခံ သဘောတူညီချက်နဲ့ ပတ်သက်ပြီး အမြင်မတူဘဲ  ထိပ်တိုက်တွေ့နေ

ဂျေရုဆလင်၊ ဩဂုတ် ၁၃

အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု နဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဖ် ဂါးလန့် တို့နှစ်ယောက် ဂါဇာကမ်းမြောင်ဒေသက  ဓားစာခံတွေ  လွတ်မြောက်စေမယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီးတစ်ယောက်နဲ့ တစ်ယောက် အမြင်မတူဘဲ ထိပ်တိုက်တွေနေတယ်လို့  မီဒီယာတွေက တနင်္လာနေ့ (သြဂုတ်လ ၁၂ ရက်) မှာ ဖော်ပြနေကြပါတယ်။

“ဓားစာခံ သဘောတူညီချက် ရပ်ဆိုင်းရတဲ့ အကြောင်းရင်းဟာ အစ္စရေး ကြောင့်”လို့  ရုပ်မြင်သံကြား ချန်နယ် Kan အပါအဝင် အစ္စရေး မီဒီယာတွေကို တနင်္လာနေ့ ပါလီမန် ကော်မတီတစ်ခုအပြီး  သီးသန့် သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဝန်ကြီး ဂါးလန့်က ပြောဆိုခဲ့ပါတယ်။

လက်ဘနွန် ဟစ်ဇ်ဘိုလာနဲ့ ဂါဇာက  မြောက်ပိုင်းပဋိပက္ခတွေကို အဆုံးသတ်နိုင်မယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ ပတ်သက်ပြီး စစ်ပွဲကို အရှိန်မြင့်စေမယ့် ကိစ္စအပါအဝင် အစ္စရေးတို့ ရင်ဆိုင်ရမယ့် ပြသနာတွေကို ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးတို့ အခြေတင် ဆွေးနွေးနေကြတယ်လို့လည်း Kanရုပ်မြင်သံကြားလိုင်းက ထုတ်လွှင့်ခဲ့တယ်လို့ သိရပါတယ်။

အချိန်တိုထဲမှာပဲ  ကာဝန်ရဲ့  စကားလုံးတွေက မီဒီယာကို ပေါက်ကြားပြီး နာရီပိုင်းအကြာမှာ နေတန်ယာဟုက  ထုတ်ပြန်လိုက်တဲ့  ကြေညာချက်မှာ ကာဝန် ဂါးလန့်ရဲ့  စကားတွေက ဓားစာခံတွေ လွတ်မြောက်ရေး သဘောတူညီချက်ကို ထိခိုက်စေတယ်လို့ စွပ်စွဲပြောဆို လိုက်ပါတယ်။

နေတန်ရာဟု က အစ္စရေးအတွက် တစ်ခုတည်းသောရွေးချယ်မှုမှာ ဂါးလန့် အပါအဝင် လူတိုင်းကိုတာဝန်ရှိစေတဲ့ “စုစုပေါင်းအောင်ပွဲရရှိဖို့” သာ ဖြစ်တယ်လို့ ပြောဆိုလိုက်တယ်လို့လည်း သိရပါတယ်။

Ref: AFP

ပုံစာ။ နေတန်ရာဟု( ဝဲ) ယိုအက်ဖ် ဂါးလန့်(ယာ)

Feature Image Credit: REUTERS/POOL/Abir Sultan

Visited 33 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *