ဂျေရုစလင်၊ ဖေါ်ဝါရီ ၈
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဟားမတ်စ်တွေရဲ့ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်ကို ပယ်ချခဲ့ပြီး အဲ့ဒိ အစား ပါလက်စတိုင်းတစ်သန်းကျော် ခိုလှုံရာ ဂါဇာတောင်ဘက်အစွန်ဆုံး ရာဖာမြို့ကို အစ္စရေး တပ်တွေ ပြောင်းရွှေ့ဖို့ကို အမိန့်ပေးခဲ့ပါတယ်။
နေတန်ယာဟုက ရာဖာမှာ စစ်ဆင်ရေးလုပ်ဖို့ တပ်ဖွဲ့ဝင်တွေကို ပြင်ဆင်ထားဖို့ အမိန့်ပေးထားကြောင်းနဲ့ ဟားမတ်စ်အပေါ် အစ္စရေးရဲ့ အလုံးစုံ စုပေါင်းအောင်ပွဲက လအနည်းငယ်ပဲ လိုတော့တယ်လို့ နေတန်ယာဟုက ပြောဆို လိုက်ပါတယ်။
နေတန်ရာဟုက အပစ်အခတ်ရပ်စဲရေးအတွက် ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ရဲ့ “ထူးထူးဆန်းဆန်းတောင်းဆိုချက်တွေ ” ကိုလက်ခံခြင်းဟာ ဓားစာခံတွေပြန်လာဖို့ကို ဦးတည်မှာမဟုတ်တဲ့အကြောင်း သတိပေးပြောကြားခဲ့ပြီး ” ဒီတောင်ဆိုချက်တွေက နောက်ထပ်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိုသာ ဖိတ်ခေါ်လိမ့်မယ်” လို့ သတိပေးထားပါတယ်။
အစောပိုင်းကာလ စစ်ပွဲဖြစ်ပွားပြီးကတည်းက အမေရိကန် သံတမန် ဘလင်ကန် ရဲ့ ငါးကြိမ်မြောက် အရှေ့အလယ်ပိုင်းခရီးစဉ်မှာ “လုပ်စရာတွေ အများကြီးရှိနေတယ်”လို့ ဆိုတဲ သတိပေးစကားကို ပြောခဲ့သလို အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွတ်မြောက်ရေး သဘောတူညီချက်အတွက် အမြဲမျှော်လင့်နေတဲ့အ ကြောင်း ဖော်ပြခဲ့ပါတယ်။
“ဒါပေမယ့် ကျွန်တော်တို့က အဲဒီအလုပ်ကို အရမ်းအာရုံစိုက်ပြီး ဓားစာခံတွေကို နိုဝင်ဘာလမှာ ပြန်လွှတ်ပေးဖို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ၂၀၂၃ နိုဝင်ဘာလက တစ်ပတ်ကြာ အပစ်အခတ်ရပ်စဲပြီးနောက် ဘလင်ကန်က က ဂျေရုဆလင်မှာ နေတန်ယာဟုနဲ့ တွေ့ဆုံပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဂါဇာကမ်းမြှောင်မှာ ငြိမ်သက်မှုရစေဖို့ ရည်ရွယ်တဲ့ ညှိနှိုင်းမှုအသစ်ကို ကိုင်ရိုမှာ ဒီနေ့ ဖေဖေါ်ဝါရီ ၈ရက် သောကြာနေ့မှာ စတင်မှာ ဖြစ်တယ်လို့ ကြားဝင်ဖျန်ဖြေသူ အီဂျစ်ရဲ့ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောဆိုလိုက်ပါတယ်။
Ref: AFP
ပုံစာ။ လက်ရှိ ဂါဇာ အခြေအနေ
Feature Image Credit: Reuters



