အစ္စရေးလေတပ်က ဂါဇာက ဒုက္ခသည်စခန်းကို ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်

ဂါဇာ၊ နိုဝင်ဘာ ၂

အစ္စရေး စစ်လေယာဉ်တွေဟာ ဂါဇာမြောက်ပိုင်း ဂျာဘာယာ  ဒုက္ခသည်စခန်းကို နိုဝင်ဘာ ၁ရက် ဗုဒ္ဓဟူးနေ့မှာ ဒုတိယ အကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကုလသမဂ္ဂက အစ္စရေးရဲ့ထိုးစစ်ကို ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။

အခု တိုက်ခိုက်မှုကြောင့် ဂါဇာမြောက်ပိုင်းမှာ ဝန်ဆောင်မှုပေးနေတဲ လက်ကျန်ဆေးရုံအနည်းငယ်ထဲက တစ်ခုရဲ့ ပင်မ မီးစက်ပျက်စီးသွားတာမို့ ဝန်ဆောင်မှုတွေ ရပ်သွားခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်ကလူနာတွေအတွက် စိုးရိမ်မှုတွေ နက်ရှိုင်းလာနေတယ်လို့ ဂါဇာဘက်က ပြောပါတယ်။

ဒါဟာ”ဂါဇာကမ်းမြောင်ဒေသမှာ ပိတ်မိနေတဲ့ လူပေါင်း ၂ သန်းကျော်အတွက် ကြေကွဲစရာ ဖြစ်ပြီး မကြုံစဖူးပါပဲ” လို့ ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ အကြီးအကဲက ပြောဆိုလိုက်ပြီး လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိုလည်း ထပ်တောင်းဆို ထားတယ်လို့ သိရပါတယ်။

အခု ရက်သတ္တပတ်တွေ ထဲမှာ ဂါဇာကမ်းမြောင်ကို ပထမဆုံးသော ပိတ်ဆို့အရေးယူတိုက်ခိုက်မှုတွေထဲမှာပဲ ဒဏ်ရာ ရ ပါလက်စတိုင်းတွေ အပါအဝင်  ရာနဲ့ချီတဲ့ နိုင်ငံခြားသားတွေဟာ  ရာဖာနယ်စပ်က တစ်ဆင့်ဖြတ် ကျော် ပြီး အီဂျစ်နိုင်ငံထဲ ကို ဝင်ရောက်လာခဲ့ကြပါတယ်။

နယ်စပ် ဖြတ်ကျော်လာတဲ့သူတွေအထဲမှာ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူ ၃၆၀ ကျော်ရှိပြီး အများစုက ပါလက် စတိုင်း နိုင်ငံသားတွေလို့  အီဂျစ်အရာရှိတစ်ဦးက CNN ကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: CNN

ပုံစာတိုက်ခိုက်ခံထားရတဲ့ ဒုက္ခသည်စခန်း

Feature Image credit: The Hill

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *