ဂျေရုစလင်၊ ဖေဖေါ်ဝါရီ ၁၂
ဂါဇာကမ်းမြောင်ဒေသမှာ ၁၂၈ရက်ကြာ ဖမ်းဆီးခံထားရတဲ့ အစ္စရေးဓားစာခံနှစ်ယောက်ကို အထူးစစ်ဆင်ရေးတစ်ခု နဲ့ကယ်ဆယ်ခဲ့တယ်လို့ အစ္စရေးက ပြောဆိုလိုက်ပါတယ်။
ဂါဇာတောင်ပိုင်း ရာဖာမှာ ဖေဖေါ်ဝါရီ ၁၁ရက်ည က လုပ်ခဲ့တဲ့ အထူးစစ်ဆင်ရေး တစ်ခုအတွင်း မိမိတို့ဘက်က ဓားစာခံနှစ်ယောက်ကို ကယ်ဆယ်နိုင်ခဲ့တဲ့ အကြောင်း အစ္စရေးစစ်တပ်က ဖေဖေါ်ဝါရီ ၁၂ရက် တနင်္လာနေ့မှာ ပြောပါတယ်။
ဓားစာခံတွေဟာ ဟားမတ်စ်တို့ ၂၀၂၃အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့အချိန် လွန်ခဲ့တဲ့ ၁၂၈ ရက်က ဖမ်းဆီး ခံခဲ့ရတဲ့ အသက် ၆၀ အရွယ် ဖာနန်ဒို ဆိုင်မွန်မာမန် နဲ့ အသက် ၇၀ အရွယ် လူဝီဟာတို့ ဖြစ်တယ် လို့ သိရပါတယ်။
နှစ်ယောက်လုံး ကျန်းမာရေးအခြေအနေကောင်းမွန်ပြီး ဆေးဘက်ဆိုင်ရာဌာနကို လွှဲပြောင်းထားတယ်လို့ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ အဆိုပါ စစ်ဆင်ရေးကို အစ္စရေး လုံခြုံရေး အေဂျင်စီနဲ့ အစ္စရေး ရဲတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။
Ref: CNN
ပုံစာ။ ဓားစာခံတွေ ပြန်ရခဲ့တဲ့ ရာဖာဒေသကို တွေ့ရပုံ
Feature Image credit: AP



