ဒူဘိုင်း/ဂျေရုဆလင် ၊ ဧပြီ ၂၀
အီရန်မြို့တစ်မြို့မှာ သောကြာနေ့ ဧပြီ ၁၉ ရက်က ပေါက်ကွဲမှုတွေ ပဲ့တင်ထပ်ပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုဆိုတာ သိပေမယ့် သတင်းရင်းမြစ်တွေအရ တီဟီရန်ကတော့ ဒီဖြစ်ရပ်ကို လက်တုံ့ပြန်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောဆို့ခဲ့တာမို့ ဒေသတွင်း စစ်ပွဲကို အရှိန်လျော့သွားစေတဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။
အီရန်နိုင်ငံ အစ္စဖာရန် မြို့ကို အစ္စရေးက ပစ်လွှတ်လိုက်တဲ့ မောင်းသူမဲ့ လေယာဉ်တွေဟာ အသေးစား မောင်းသူမဲ့ လေယာဉ်တွေဖြစ်ပြီး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အပြန်အလှန်တိုက်ခိုက်မှုတွေအပြီး အီရန်ရဲ့ အသံတိတ်တုံ့ပြန်မှုဟာ စနေနေ့က အစ္စရေးကို အီရန်ကမောင်းသူမဲ့လေယာဉ်တွေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့အပြီး စစ်ပွဲအားလုံးကို တားဆီးဖို့ ကြိုးပမ်းခဲ့တဲ့ သံတမန်တွေရဲ့ အားထုတ်မှုတွေက အောင်မြင်ခဲ့တယ်ဆိုပြီး အချက်ပြလိုက်တာဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
အစ္စရေးရဲ့ တုံပြန် တိုက်ခိုက်မှုအပြီး အီရန်နိုင်ငံအလယ်ပိုင်း အစ္စဖာရန် လေကြောင်းရန်ကာကွယ်ရေး စနစ်ကို မောင်းသူမဲ့လေယာဉ် ၃ စင်း ထိမှန်ခဲ့ပြီး ပေါက်ကွဲမှုအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း အီရန်မီဒီယာတွေအပါအဝင် တာဝန်ရှိသူတွေက ဖော်ပြခဲ့ကြပါတယ်။
Ref: cna
ပုံစာ။ အစ္စရေး၊ အီရန် အကွာအဝေးပြမြေပုံ
Feture Image Credit: Internet



