စစ်ဖြစ်နေတဲ့ အစ္စရေးနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသားအချို့ကို နိုဝင်ဘာလ၁ရက်နေ့က ညနေပိုင်းက ဒုတိယအသုတ်အနေနဲ့ နေရပ်မြန်မာနိုင်ငံကို ပြန်ခေါ်ပေးနိုင်ခဲ့တယ်လို့ MOIရဲ့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
ဒုတိယအသုတ် အနေနဲ့ မြန်မာနိုင်ငံကို အမျိုးသား၂ဦးနဲ့အမျိုးသမီး၁ဦးတို့ဟာ အောက်တိုဘာ (၃၁)ရက်က တဲလ်အဗီးမှ လေကြောင်းခရီးစဥ် LY083 (ELAL)နဲ့ ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှတစ်ဆင့် နို ဝင်ဘာလ၁ရက်ညနေပိုင်းက မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းအမှတ် 8M334နဲ့ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့တာလို့ သိရပါတယ်။
အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း အကြောင်းအ မျိုးမျိုးနဲ့ အစ္စရေးကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကိုနေရပ်ကို ပြန်ပို့ပေးနိုင်ဖို့ သံရုံးရဲ့လူမှုကွန် ရက်စာမျက်နှာကနေ အသိပေးကြေညာထားပါတယ်။
Visited 3 times, 1 visit(s) today