ဂါဇာ၊ ကိုင်ရို၊ ဒီဇင်ဘာ ၄
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၃ ရက် တနင်္ဂနွေနေ့ က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပါလက် စတိုင်း အရပ်သားတွေ ဒါဇင်ပေါင်းများစွာ သေဆုံးပြီး ဒါဇင်နဲ့ချီတဲ့ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
တောင်ပိုင်း ခန်းယူနစ် ကနေ ၂ ကီလိုမီတာအကွာမှာ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေနဲ့ အစ္စရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ် ခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့က ကြေငြာခဲ့ပါတယ်။ အစောပိုင်း တိုက်ခိုက်မှုတွေတုန်းက စစ်ရှောင်ရင်း ပြောင်းရွှေ့လာခဲ့ကြတဲ့ ဒေသခံတွေရဲ့ အဆိုအရက သူတို့တစ်နေကုန် တင့်ကားပစ်ခတ်သံတွေ ကြားနေရပြီး အစ္စရေး မြေပြင်ထိုးစစ်အသစ်က နောက်ထပ်အဆောက်အအုံ တွေကို ဦးတည်တိုက်ခိုက်မှာ ကြောက်လန့် နေရတဲ့ အကြောင်းပြောပါတယ်။
အစ္စရေးစစ်တပ်ဟာ အစောပိုင်းက အရပ်သားတွေကို မြို့ထဲကနေ အနီးအနားကနေရာ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ အမိန့်ပေးခဲ့ ပေမယ့်လည်း အခု တောင်ပိုင်းမြေပြင်ထိုးစစ်အသစ်မှာတော့ အရင်ကလို ထုတ်ပြန် ကြေညာတာ မရှိဘူးလို့ ဒေသခံ တွေက တစ်ဆင့် သိရပါတယ်။
IDF (အစ္စရေးကာကွယ်ရေးတပ်ဖွဲ့) ဟာ ဂါဇာကမ်းမြှောင်ဒေသအားလုံးမှာရှိတဲ့ ဟားမတ်စ်စခန်းတွေကို မြေပြင် စစ်ဆင် ရေး ဆက်လက်တိုးချဲ့လုပ်ဆောင်နေတဲ့အကြောင်း ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒန်နီရယ် ဟာဂါရီ က တောင် ဘက် က မြေပြင်ထိုးစစ်ကို ရှင်းပြရင်း သတင်းထောက်တွေကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Ref: Reuters/fs
ပုံစာ။ အစ္စရေးတပ်ဖွဲဝင် တစ်ယောက် ဂါဇာမှာ တိုက်ပွဲဝင်နေပုံ
Feature Image Credit: Israel Defense Forces/Handout via REUTERS



