ဂါဇာ၊ နိုဝင်ဘာ ၂၁
ဂါဇာကမ်းမြောင်ဒေသကို အသေအပျောက်များတဲ့ ထိုးစစ်တွေ ဆက်တိုက်နေတဲ့ အချိန်မှာပဲ ပါလက်စတိုင်း စစ်သွေး ကြွအဖွဲ့က အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရဖို့ တော်တော် နီးနီးကပ်ကပ် အခြေအနေမှာ ရှိနေ တယ်လို့ ဟားမတ်စ်အဖွဲ့ အကြီးအကဲက နိုဝင်ဘာ ၂၁ ရက် အင်္ဂါနေ့က Reuters ကို ပြောဆိုလိုက်ပါတယ်။
အပစ်အခတ်ရပ်စဲရေး ၊ ဂါဇာကမ်းမြောင်ကို အကူအညီတွေ ပို့ပေးရေး ပို့ဆောင်ရေး ၊အစ္စရေးဘက်က ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ ဟားမတ်စ်က ဖမ်းဆီးထားတဲ့ အစ္စရေး ဓားစာခံတွေ လဲလှယ်ရေး စတာတွေကို အဓိကထား ဆွေး နွေးနေတယ်လို့ ဟားမတ်စ်အရာရှိတစ်ဦးက Al Jazeera TV ကို ပြောပါတယ်။
နှစ်ဖက်စလုံးက အမျိုးသမီးနဲ့ ကလေးတွေကို လွှတ်ပေးမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ကြာခံ စေ့စပ်ညှိနှိုင်းပေးနေတဲ့ ကာတာနိုင်ငံကနေ ထုတ်ပြန်မှာ ဖြစ်တယ်လို့ အီဆတ် အယ် ရီရှစ် က ပြောကြားခဲ့သည်။
ဟားမတ်စ်တွေဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဝင်ရောက်လာပြီး ဓားစာခံ ၂၄၀ လောက်ကို ဖမ်းဆီးခဲ့ပြီး တိုက်ခိုက်တဲ့ ဖြစ်စဥ်ထဲမှာတော့ လူ ၁၂၀၀ သေဆုံးခဲ့ရပါတယ်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ဥက္ကဋ္ဌ မီရ်ဂျာနာ စပိုဂျာရစ်က နိုဝင်လာ ၂၀ ရက် တနင်္လာနေ့က ကာတာနိုင်ငံကို သွားရောက်ပြီး စေစပ်ညှိုနှိုင်းရေးသမားတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ပဋိပက္ခနဲ.ဆက်စပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်တွေကို ကြိုတင်ပြင်ဆင်ဖို့ ဂျနီဗာအခြေစိုက် ICRC က ထုတ်ပါတယ်။ ဒါ့အပြင် ကာတာအာဏာပိုင်တွေနဲ့လည်း သီးခြားတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။။
Ref: Reuters/fh
ပုံစာ။ တိုက်ခိုက်ခံနေရတဲ့ ဂါဇာရဲ့ မြင်ကွင်း
Feature Image Credit: Mahmud Hams/AFP via Getty Images