အစ္စရေးနဲ့ဟားမတ်စ်တို့ အပစ်အခတ် ရပ်စဲရေး သက်တမ်း တိုးအပြီး အပြန်အလှန် ဓားစာခံတွေ ပိုလွတ်ပေးဖို့ အရေး ကြိုးပမ်းနေကြ

အစ္စရေးတို့ ဘက်က အပစ်ရပ်သက်တမ်း ထပ်တိုးနိုင်ခြေရှိနေ

လွတ်မြောက်လာတဲ့ အစ္စရေး ဓားစာခံတွေကို ကြိုဆိုနေကြပုံ
Photo Credit: Reuters/Athit Perawongmetha

ဂါဇာ/ဂျေရူစလင်၊ နိုဝင်ဘာ ၂၉

ဟားမတ်စ်နဲ့ အစ္စရေးတို့အကြား အပစ်အခတ်ရပ်ဆဲရေး ပထမအကြိမ် အနေနဲ့ လေးရက် ကို နှစ်ဘက်သဘောတူအပြီး နိုဝင်ဘာ ၂၈မှာ နောက်ထပ် နှစ်ရက် ထပ်ပြီး သက်တမ်းတိုးနိုင်ခဲ့ပါတယ်။ ဒိ့အတွက် အစ္စရေးဓားစာခံ ၁၀ယောက်ထက်မနည်း ထပ်လွတ်လာဖို့ ရှိနေပါတယ်။

ဒီရလဒ်ကြောင့် အစ္စရေးဟာ အပစ်ရပ်ဆဲရေးကို လက်ရှိ သဘောတူခဲ့ကြတဲ့ ခြောက်ရက် ထက်ပိုပြီး သက်တမ်း တိုးလာနိုင်တယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ထင်ကြေးပေနေကြတယ်လို့ သိရပါတယ်။

သက်တမ်းတိုကာလမှာ ဟားမတ်စ် ဘက်က  တစ်ရက်ကို အနည်းဆုံး အစ္စရေး ဓားစာခံ ၁၀ ယောက်ကို ဆက် လွှတ်ပေးမှာ ဖြစ်လို့ အပစ်အခတ် ရပ်စဲရေးကို ထပ်ပြီး သက်တမ်း တိုးနိုင်တယ်လို့  အစ္စရေး က ပြောဆိုလာပါတယ်။

 ဒီနေ့ နိုဝင်ဘာ ၂၉ရက်နေ့ဟာ ဂါဇာကမ်းမြောင်ဒေသမှာ  ခြောက်ရက်ကြာ အပစ်အခတ်ရပ်စဲရေးရဲ့ နောက်ဆုံးနေ့ဖြစ်လို့  ဓားစာခံတွေနဲ့ အကျဉ်းသားတွေ ကို ထပ်လွှတ်ပေးဖို့ နှစ်ဘက်လုံးက မျှော်လင့်နေကြသလို စေ့စပ်ညှိနှိုင်းပေးနေတဲ့ ကာတာကလည်း ထပ်ပြီး နှစ်ဘက်ကြားဝင် စေစပ် ညှိနှိုင်းပေးနိုင်မလား ဆိုတာကို စောင့်ကြည့်နေကြပါတယ်။

အစ္စရေး ဝန်ကြီးချုပ်ရုံးက ထွက်ပေါ်လာတဲ့ သတင်းတချို့ကို ကိုးကားပြီး အစ္စရေးမီဒီယာက  နိုဝင်ဘာ ၂၉ရက် ဗုဒ္ဓဟူးနေ့ မှာဟားမတ်စ်တို့ လက်က လွတ်မြောက်လာမယ့် ဓားစာခံစာရင်းကို အစ္စရေးက လက်ခံရထားပြီလို့ ဖော်ပြလိုက်ပေမယ့်  ဝန်ကြီးချုပ်ရုံးက ချက်ခြင်း မှတ်ချက်မပေးသေးဘူး လို့ သိရပါတယ်။

ပထမလေးရက် အပစ်ရပ်ထားတဲ့ အတောအတွင်းမှာ  နိုင်ငံခြားသားတွေအပါအဝင်အစ္စရေးဘက်က ဓားစာခံ ၆၉ယောက်နဲ့ ပါလက်စတိုင် အကျဥ်းသား ၁၅၀ ကို လဲလှယ်ခဲ့ပြီး ဖြစ်ပါတယ်။

 Ref: Reuters/zl

ပုံစာလွတ်မြောက်လာတဲ့ ပါလက်စတိုင်း အမျိုးသမီးတချို့ကို တွေ့ရစဥ်

Feature Image Credit: Reuters/Ammar Awad)

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *