ဂါဇာ၊ ဇန်နဝါရီ ၂၅
ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်အဖွဲ့က ဂါဇာကမ်းမြောင်ဒေသမှာ ၁၅ လကြာဖြစ်ပွားနေတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ပါလက်စတိုင်းအကျဉ်းသားတွေနဲ့ အစ္စရေးစစ် သမီး လေးယောက်ကို လဲလှယ်လွှတ်ပေးဖို့ ရှိနေတယ်လို့ သိရပါတယ်။
ကာရီနာ အာရီဗယ်၊ ဒန်နီရေလာ ဂီလ်ဗော၊ လီရီ အာလ်ဘတ် လို့ ခေါ်တဲ့ အစ္စရေး အမျိုးသမီး စစ်သည် လေးယောက်ဟာ ဂါဇာကမ်းမြောင်အစွန်းက စောင့်ကြည့်ရေးစခန်းတစ်ခုမှာ တပ်စွဲထားချိန် ၂၀၂၃ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ မှာ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေ က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
ဟားမတ်စ်အကျဉ်းကျခံ မီဒီယာရုံးကလည်း သူတို့ အကျဉ်းသား ၂၀၀ထဲက တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ကျခံနေရတဲ့သူ ၁၂၀ နဲ့ တခြား နှစ်ရှည်ထောင်ဒဏ်ကျ အကျဉ်းသား တွေကိုလည်း ဇန်နဝါရီ ၂၅ စနေနေ့မှာ လွှတ်ပေးဖို့ မျှော်လင့်ထားကြောင်း ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
Ref: Reuters
ပုံစာ။ လွတ်မြောက်လာဖို့ ရှိနေတဲ့ အစ္စရေးဓားစာခံ မိန်းကလေးလေးယောက်
Feature Image Credit: Reuters



