အစ္စရေးက ဟားမတ်စ်တွေကို လိုက်ရှာနေလို့ ဂါဇာက ဆေးရုံတွေ လည်ပတ်မှု ရပ်ဆိုင်းထားရ

ဂါဇာ/ ဂျေရုဆလင်၊ နိုဝင်ဘာ ၁၃

 ဂါဇာက အဓိက ဆေးရုံ နှစ်ရုံကို နိုဝင်ဘာ ၁၂ ရက် တနင်္လာနေ့မှာ စပြီး ပိတ်လိုက်ရတယ်လို့ သိရပါတယ်။

ဆေးရုံဝန်ထမ်းတွေရဲ့ ပြောပြချက်တွေအရ အစ္စရေးတွေရဲ့  ဗုံးကြဲတာသာမက  လောင်စာဆီနဲ့ ဆေးဝါးတွေ မရတော့လို့ ကလေးငယ်တွေ သေဆုံးပြီး တခြားသူတွေလည်း သေဆုံးဖို့ ရှိနေတယ်လို့ ပြောဆိုပါတယ်။

ပါလက်စတိုင်းအသိုက်အဝန်းရဲ့ မြောက်ဘက်က  ဆေးရုံတွေကို အစ္စရေးတပ်ဖွဲ့တွေက ပိတ်ဆို့ထားလို့ အတွင်းလူနာတွေကို ပြုစုစောင့်ရှောက်ဖို့ အရမ်းခက်ခဲနေတဲ့အကြောင်း ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက တစ်ဆင့် သိရပါတယ်။

အစ္စရေးဘက်ကတော့ အဲဒီဒေသမှာ ဟားမတ်စ် စစ်သွေးကြွတွေ ခိုအောင်းနေတာမို့  ဆေးရုံတွေကို ရွှေ့ပြောင်းသင့်တယ်လို့  ပြောပါတယ်။

ဂါဇာကမ်းမြောင်ရဲ့ အကြီးဆုံးနဲ့  ဒုတိယအကြီးဆုံး ဆေးရုံများဖြစ်တဲ့ အယ် ရှိဖာ နဲ့ အယ် ကတ် တို့မှာ လုပ်ငန်းတွေ ရပ် ဆိုင်းထားရတယ်လို့လည်း သိရပါတယ်။

“သားလေး ဒဏ်ရာရသွားပြီး ချုပ်ရိုးချုပ်ဖို့ ဆေးရုံတစ်ခုမှ မရှိဘူး” လို့ ဂါဇာတောင်ပိုင်းက ထွက်ပြေးလာတဲ့ အာမက် အဘ် ခါလောက် က ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ အယ် ရှိဖာ မှာကျန်းမာရေးပညာရှင်တွေနဲ့ ဆက်သွယ်မှုပြန်ရပြီ လို့လည်း ပြောနေ ပြန်ပါတယ်။

“ဝမ်းနည်းစရာကောင်းတာက လူနာသေဆုံးမှု အရေအတွက် သိသိသာသာ တိုးလာပါတယ်”   “ဝမ်းနည်းစရာ အကောင်းဆုံး က ဆေးရုံဟာ ဆေးရုံတစ်ခုအနေနဲ့ အလုပ်မလုပ်တော့ဘူး” ဆိုပြီးလည်း WHO ကပြောပါတယ်။

ရှီဖာက ပလပ်စတစ်ဆာဂျရီ ခွဲစိတ်ဆရာဝန်တစ်ယောက်ရဲ့ ပြောပြချက်အရ အဆောက်အဦထဲက မီးဖိုတွေ ဗုံးထိထားလို့ လေအေးပေးစက်ကို အနွေးဓါတ်ရအောင် ရတဲ့  ပါဝါနည်းနည်းကို သုံးပြီး  ကလေးတွေကို အလှည့် ကျ အနွေးဓါတ် ပေး နေရတယ်လို့လည်း သိရပါတယ်။

Ref: Reuters/zl

ပုံစာ။ နေရာရွှေ့ဖို့ အစ္စရေးက ပြောနေတဲ့ အယ် ရှီဖာ ဆေးရုံတွင်း မြင်ကွင်း

Feature Image Credit: AFP/Khader Al Zanoun

Visited 31 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *