အစ္စရေးက ဟားမတ်စ်ကို စစ်ကြေငြာ

ဂျေရူစလင်၊ အောက်တိုဘာ ၉

ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေရဲ့ ဂါဇာကမ်းမြောင်နယ်နိမိတ်ကို မကြုံစဖူး အံ့အားသင့်ဖွယ် တိုက်ခိုက်မှုတစ်ခုအပြီး တစ်ရက်အကြာမှာတော့ နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်လာပြီး နှစ်ဘက်အသေ အပျောက်ကလည်း ထောင်ကျော်သွားပြီ လို့ သိရပါတယ်။

အစ္စရေး ကယ်ဆယ်ရေး သမားတွေကလူပေါင်း ၂၆၀ ရဲ့ အလောင်းတွေကို အရင်ဆုံး ကောက်ခဲ့ရပြီး ဟားမတ်စ်တို့က အစ္စရေးတို့ရဲ့ အားလပ်ရက်ဂီတပွဲတော်ကို တိုက်ခိုက်ခြင်း အပါအဝင် မြေပြင်က ထိတ်လန့် စရာကောင်းတဲ့ဗီဒီယို တွေကလည်း ဆိုရှယ်မီဒီယာတွေမှာ ပျံ့နေသလို တခြားဗီဒီယိုဖိုင်တွေမှာလည်း အစ္စရေးအရပ်သားတွေကို ဓားစာခံအဖြစ် ဖမ်းထားတာကို တွေရပါတယ်။

လက်ရှိမှာအစ္စရေးစစ်တပ် အရာရှိတွေ အပါအဝင် ဓားစာခံ ၁၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဟားမတ်စ်က ပြောပါ တယ်။

ဒီနေ့ စက်တင်ဘာ ၉ရက်နေ့မှာတော့ အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ထိုးစစ်ဆင် နေပြီး ဟားမတ်စ်ကို စက်တင်ဘာ ၈ရက် တနင်္ဂနွေနေ့မှာ တရားဝင်စစ်ကြေညာခဲ့ပါတယ်။ ဂါဇာက ကျန်းမာရေးဝန်ကြီးဌာန ရဲ့ အဆိုအရ ပါလက်စတိုင်းလူမျိုး ၄၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

အနောက်နိုင်ငံတွေက အစ္စရေးဘက်က ရပ်တည်နေပြီး အီရန်သမ္မတအက်ဘရာဟသ် ရက်စီ ကတော့ ဟားမတ်စ်အကြီး အကဲ ကို “အောင်ပွဲ” အတွက် ဂုဏ်ပြုစကားပြောကြားပြီး ဟစ်ဇ်ဘိုလာနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံ အသီးသီးက သူတွေက လည်း ဟားမတ်စ်ကို ချီးကျူးဂုဏ်ပြုနေကြတယ်လို့ဆိုပါတယ်။

အစ္စရေးရဲ့ တုံ့ပြန်မှု အတိုင်းအတာ အပြည့်အစုံကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့်လည်း ၀န်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟုက “ရှည်လျားပြီး ခက်ခဲတဲ့စစ်ပွဲ” လို့ သုံးသပ်ထားပြီး အစ္စရေးအနေနဲ့ ဂါဇာကို အပြည့်အဝ ထိန်းချုပ်ဖို့ ကြိုးစားနိုင်တဲ့ကြောင်း အရိပ်အမြွက် ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

Ref:CNN

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *