အစ္စရေးက လက်ဘနွန်တောင်ပိုင်းနယ်စပ်မှာရှိတဲ့ ဟစ်ဇ်ဘိုလာပစ်မှတ်တွေကို မြေပြင်ထိုးစစ်စတင်

ဘေရွတ်၊ အောက်တိုဘာ ၁

လက်ဘနွန်တောင်ပိုင်းနယ်စပ်မှာရှိတဲ့  ဟဇ်ဘိုလာပစ်မှတ်တွေကို ကန့်သတ်၊ ဒေသအလိုက် ပစ်မှတ်ထားပြီး စီးနင်းမှုတွေ စတင်ပြီ ဖြစ်တဲ့ အကြောင်း အစ္စရေးစစ်တပ်က အင်္ဂါနေ့ (အောက်တိုဘာ ၁ ရက်)မှာ  ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။

ပစ်မှတ်အများစုက  နယ်စပ်ကျေးရွာတွေ ဖြစ်ပြီး  ဒီတိုက်ခိုက်မှုနဲ့  ပတ်သက်ပြီး အစ္စရေးမြောက်ပိုင်းက အစ္စရေးအသိုက်အဝန်းကို  ချက်ချင်း ခြိမ်းခြောက်မှု ဖြစ်စေတဲ့အကြောင်းလည်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF)ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“အစ္စရေးလေတပ်နဲ့ IDF အမြောက်တပ်တွေက အဲဒီဒေသမှာရှိတဲ့ စစ်ဘက်ပစ်မှတ်တွေကို တိကျတဲ့ တိုက်ခိုက်မှုတွေနဲ့ မြေပြင်တပ်ဖွဲ့တွေကို ထောက်ပံ့ပေးနေပါတယ်” လိုလည်း အစ္စရေး စစ်တပ်က ပြောပါတယ်။

IDF ဟာ စစ်ပွဲရည်မှန်းချက်များအောင်မြင်ဖို့  ဆက်လက်လုပ်ဆောင်နေပြီး အစ္စရေးနိုင်ငံသားတွေကို ခုခံကာ ကွယ်ဖို့နဲ့ အစ္စရေးမြောက်ပိုင်းက  နိုင်ငံသားတွေ ကို သူတို့နေရပ် ပြန်ပိုနိုင်ဖို့ လိုအပ်တဲ့ အရာအားလုံးကို လုပ်ဆောင်နေကြောင်းလည်း ကြေညာချက်ထဲမှာ ထည့်သွင်း ဖော်ပြထားတယ်လို့ သိရပါတယ်။

Ref: Reuters

ပုံစာ။ လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ အနီးတစ်ဝိုက်ကို အစ္စရေးတပ်တွေ ထိုးစစ်ဆင်နေပုံ

Feature Image Credit: Reuters/Amr Abdallah Dalsh

Visited 35 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *