ဂျေရူစလင်၊ အောက်တိုဘာ ၂၆
အစ္စရေး တင့်ကားတပ်ဖွဲဟာအောက်တိုဘာ ၂၅ရက် ညအချိန်မှာ ဂါဇာ မြောက်ပိုင်းကို ထိုးဖောင်ဝင်ရောက်ပြီး ပထမဆုံး မြေပြင် ထိုးစစ်ကို စတင်လိုက်ပါတယ်။ ပစ်မှတ်တွေကို တိုက်ခိုက်အပြီးမှာတော့ တင့်ကားတပ်ဖွဲ့ကြီးက အစ္စရေး ပိုင်နက် ထဲ ကို ညတွင်းချင်းပဲ ပြန် ဆုတ်ခွာလာတယ်လို့ သိရပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက မြေပြင်စစ်ပွဲအတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်နေပြီဖြစ်တဲ့ကြောင်း ကြေ ညာပြီး နာရီပိုင်းအကြာမှာပဲ ပါလက်စတိုင်းပိုင်နက် ဂါဇာမြောက်ဘက်ကို စတင် ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ အကြောင်း စစ်တပ်ကလည်း ကြေညာခဲ့ပါတယ်။
တင့်ကားတွေနဲ့ ခြေလျင်စစ်ကြောင်းတွေဟာ ဟားမတ်စ်ထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြောင်ကို ညတွင်းချင်း ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ်မိခင်မြေကို ပြန်လည်မဆုတ်ခွာမီ ပစ်မှတ်အများအပြားကို ပစ်ခတ်ခဲ့တယ်လို့ အောက်တိုဘာ ၂၆ရက် ကြာသပတေးနေ့မှာ အစ္စရေးဘက်က ပြောဆိုလိုက်ပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေက အဲ့ဒိစစ်ဆင်ရေးဟာ အကြမ်းဖက်ဆဲလ်အများအပြား၊ အခြေခံအဆောက် အအုံနဲ့ တင့်ကားပစ်ဒုံးကျည်ပစ်လွှတ်တဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အခုညစစ်ဆင်ရေးက “နောက်ထပ် တိုက်ပွဲတွေ အတွက် ကြိုတင်ပြင်ဆင်မှုတစ်ခု” လို့လည်း အစ္စရေးတို့က ပြောပါတယ်။
အဖြူအမည်း ဗီဒီယိုမှတ်တမ်းမှာတော့ ကျည်ကာယာဉ်တွေနဲ့ ဘူဒိုဇာတွေဟာ နယ်စပ်ခြံစည်းရိုးကို ဖောက်ထွင်းဝင် ရောက် ပြီး လမ်းကြောင်းအတိုင်း တက်လာတဲ့ သံချပ်ကာယာဉ် တင့်ကားတွေ ကို တွေ့ကြရပါတယ်။
AFP က ရုပ်သံမှတ်တမ်းတည်နေရာကို အစ္စရေးနိုင်ငံ တောင်ဘက်မှာလို့ ခန်းမှန်းထားပေမယ့် အစ္စရေးဘက်ကတော့ ဘာ အတည်ပြုချက်မှမပေးဘူးလို့ သိရကြောင်းပါ။
Ref: NDTV
ပုံစာ။ ဂါဇာ နယ်စပ်မှာ စုဖွဲနေတဲ့အစ္စရေး တင့်ကားအုပ်စု
Feature Image Credit :Menahem Kahana / AFP/Getty Images