အစ္စရေးက ဂါဇာ နတ်စာဆေးရုံကို တပ်ဖွဲ့ဝင်တွေ စေလွှတ်

ဂါဇာ၊ ဖေဖေါ်ဝါရီ ၁၆

အစ္စရေးက ဂါဇာက ဆေးရုံတစ်ရုံကို ဓားစာခံတွေချုပ်နှောင်ထားနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖေဖော်ဝါရီ ၁၅ ရက်က တပ်ဖွဲ့ဝင်တွေ စေလွှတ်လိုက်တယ်လို့ သိရပါတယ်။

ဒါဟာ မြေပြင်စစ်ဆင်ရေးနဲ့ အစ္စရေး ဓားစာခံတွေကို ပြန်ရယူဖို့ရည်ရွယ်ပြီး ဟားမတ်စ် စစ်သွေးကြွတွေနဲ့ အဆက်မပြတ် တိုက်ခိုက်မှုတွေ လုပ်ပြီးနောက် ထွက်ပေါ်လာတဲ့ အစီစဉ်သစ်တစ်ခုလည်း ဖြစ်ပါတယ်။

ဂါဇာတောင်ပိုင်းက အကြီးဆုံးဆေးဘက်ဆိုင်ရာနေရာများထဲက တစ်ခုဖြစ်တဲ့ ခန်းယူနစ် မှာရှိတဲ့ နတ်စာ  ဆေးရုံတစ်ဝိုက်မှာ တပ်ဖွဲ့ဝင်တွေနဲ့  ဟားမတ်စ်စစ်သွေးကြွကြား ရက်အတန်ကြာ တိုက်ပွဲ ပြင်းထန် ပြီးတဲ့နောက် အခု တပ်ဖွဲတွေ စေလွှတ်လိုက်တဲ့ နေရာဟာ  ဂါဇာကမ်းမြောင်ဒေသက ဆေးရုံအနည်းငယ်ထဲက တစ်ခုလည်းဖြစ်ပါတယ်။

ဟားမတ်စ်စစ်သွေးကြွတွေဟာ  ဆေးရုံတွေ ကို စစ်ရေးရည်ရွယ်ချက်အတွက် သုံးနေတယ်လို့ အစ္စရေးက စွပ်စွဲထားပြီး ဆေးရုံကိုလည်း “တိတိကျကျနဲ့ အကန့်အသတ်ရှိတဲ့ စစ်ဆင်ရေး” ကို လုပ်နေပါတယ်လို့ အစ္စရေးက ပြောပါတယ်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဒယ်နီရယ် ဟာဂါရီက “ပြန်လွတ်လာတဲ့ ဓားစာခံတွေဆီကနေ ဟားမတ်စ်တွေက ခန်းယူနစ် မှာရှိတဲ့ နတ်စာဆေးရုံမှာ ဓားစာခံတွေ ချုပ်နှောင်ထားပြီး အဲဒီနေရာမှာ ဓားစာခံတွေရဲ့ အလောင်းတွေလည်း ရှိနိုင်တယ်ဆိုတာကို ညွှန်ပြနေတဲ့ ရင်းမြစ်အတော်များများက ယုံကြည်လောက်တဲ့ အနေအထားမှာ ရှိတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

Ref:CNA

ပုံစာ။ ဂါဇာက ဆေးရုံကို တွေ့ရပုံ

Feature Image Credit: The Guardian

Visited 56 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *