ဂါဇာ၊ မတ် ၂၂
ကုလသမဂ္ဂမဲပေးပွဲမတိုင်မီ ဂါဇာမှာ ‘ချက်ခြင်း’ အပစ်အခတ်ရပ်စဲရေးအတွက် ဖိအားပေးဖို့ရာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ဟာ မတ်လ ၂၂ရက် သောကြာနေ့မှာအစ္စရေးနိုင်ငံကို ရောက်နေတယ်လို့ ကမ္ဘာ့သတင်တွေမှာ ဖော်ပြနေကြပါတယ်။
ဒီခရီးစဉ်ဟာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အဓိကကျတဲ ဆုံးဖြတ်ချက်မူကြမ်းကို မဲခွဲဆုံးဖြတ်တာ မတိုင်မီ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ အစ္စရေးကို ရောက်လာတာပဲ ဖြစ်ပါတယ်။
အစ္စရေးရဲ့ အဓိက ကျောထောက်နောက်ခံဖြစ်တဲ့ အမေရိကန်က ဓားစာခံသဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ချက်ချင်းအပစ်အခတ်ရပ်စဲရေး လိုအပ်ကြောင်း အဆိုမူကြမ်းကို လုံခြုံရေးကောင်စီမှာ မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။
ဆော်ဒီအာရေးဗီးယားနဲ့ အီဂျစ်တို့ ဆွေးနွေးမှုအပြီး ဘလင်ကန်ဟာ အစ္စရေးနိုင်ငံကို ဟားမတ်စ်တို့ တိုက်ခိုက်မှုကြောင့် စစ်ပွဲစခဲ့တဲ့ အချိန်ကစ ခြောက်ကြိမ်မြောက် ခရီးစဉ်အဖြစ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာအခုသီတင်းပတ်ထဲမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ဂါဇာက အကြီးဆုံး အယ်လ်ရှီဖာ ဆေးရုံတစ်ဝိုက်မှာ ဗဟိုပြုနေတဲ့ အစ္စရေးကလည်း လူပြည့်ကျပ်နေတဲ့ တောင်ဘက်က ရာဖာမှာ မြေပြင်ထိုးစစ်အသစ်ကို စတော့မယ်လို့ အတိအလင်း ပြောထားပြီးလည်း ဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရဖို့ ဆွေးနွေးရာမှာ ဟားမတ်စ်စစ်သွေးကြွတွေလက်က ဓားစာခံတွေ လွတ်မြောက်ရေး နဲ့ လူ ၂ ဒသမ ၄ သန်းကို ခြိမ်းခြောက်နေတဲ့ အငတ်ဘေး ကိစ္စတွေ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: AFP
ပုံစာ။ အမေရိကန်နိုင်ငံခြးရေးဝန်ကြီး အန်တိုနီ ဘလင်ကန်
Feature Image Credit: AFP



