အစ္စမေး ဟာနီယက် လုပ်ကြံခံရအပြီး အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွ မြင့်တက်လာမှာ အမေရိကန်စိုးရိမ်

ကာတာ၊ ဩဂုတ် ၂

ဟားမတ်စ်အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် အစ္စမေး ဟာနီယက် အီရန်နိုင်ငံမှာ လုပ်ကြံသတ်ဖြတ်ခံရအပြီး အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ မြင့်တက်လာမှာကို အမေရိကန်က  စိုးရိမ်နေတယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြနေပါတယ်။

ဂါဇာမှာ ဖြစ်နေတဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့နဲ့  အစ္စရေးတို့ စစ်ပွဲဟာ  အရှေ့အလယ်ပိုင်း ပဋိပက္ခ အဖြစ်ကို  ရွေ့လျားသွားနိုင်တယ်လို့  ဟားမတ်စ် နိုင်ငံရေးခေါင်းဆောင် အစ္စမေး ဟာနီယက်ကို ကာတာနိုင်ငံမှာ မြုပ်နှံမယ့် ဒီနေ့ ဩဂုတ် ၂ရက် ဈာပနမှာ  ဟားမတ်စ် အဖွဲဘက်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဟာနီယက်ဟာ  မကြာသေးတဲ့ ရက်သတ္တပတ်အတွင်း အသတ်ခံခဲ့ရတဲ့  အီရန်ကျောထောက်နောက်ခံပြု စစ်သွေးကြွအုပ်စု ခေါင်းဆောင်တွေထဲက တတိယမြောက် လုပ်ကြံခံရသူလည်း ဖြစ်လာခဲ့ပါတယ်။

ဖွက်ထားတဲ့  ဖောက်ခွဲရေးပစ္စည်းတွေသုံးပြီး မြို့တော်တီဟီရန်မှာ  လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာလို့ သတင်းရင်းမြစ်တစ်ခုက CNN ကိုပြောပါတယ်။

မကြာသေးခင်ကလည်း ဟစ်ဘိူလာအဖွဲ့ရဲ့  ထိပ်တန်းတပ်မှူးကို သေဆုံးစေခဲ့တဲ့  ဘေရွတ်တောင်ပိုင်းမှာ အစ္စရေးရဲ့ လုပ်ကြံမှုအပြီး လက်တုန့်ပြန်တဲ့ အနေနဲ့  ဟစ်ဘိုလာတွေက အစ္စရေးမြောက်ပိုင်းကို ဒုံးကျည် ဒါဇင်နဲ့ချီ ပစ်ခတ်ခဲ့ပါတယ်။

 အစ္စရေးမြို့တော် တဲလ်အဗစ်မှာတော့  အစ္စရေးဆန္ဒပြသူတွေဟာ  အစိုးရကို  အပစ်အခတ်ရပ်စဲဖို့နဲ့ ဓားစာခံတွေ  လွှတ်ပေးရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။  အခုကာလဟာ ဟားမတ်စ်တို့က အစ္စရေးကို ဝင်တိုက်ခဲ့တဲ့  အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှု ၁၀လပြည်ချိန်ဖြစ်ပါတယ်။

အီရန်သမ္မတ ဂျိုးဘိုင်ဒင်ကတော့  လုပ်ကြံသတ်ဖြတ်မှုဟာ  အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့  ဆန့်ကျင်သွားတယ်လို့  ပြောဆိုလိုက်ပါတယ်။  အီရန်မြေပေါ်မှာ ဟာနီယက်  သတ်ဖြတ်ခံရမှု နောက်ဆက်တွဲ လက်တုံ့ပြန်တာတွေ ပေါ်လာပြီး  ဒေသတွင်း တင်းမာမှုတွေ မြင့်တက်လာမှာကို စိုးရိမ်ကြောင်းလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: CNN

ပုံစာ။ ကာတာနိုင်ငံက ဟာနီယက် ဈာပနအခမ်းအနား

Feature Image Credit: ALJAZEERA

Visited 68 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *