အစိုးရနဲ့ ပြေလည်မှု မရသေးလို့ တောင်ကိုရီးယား ဆရာဝန်တွေရဲ့  သပိတ်မှောက်မှုက ပိုပြင်းထန်လာနိုင်

ဆိုးလ် ၊ မတ် ၁၂

ကျန်းမာရေးစောင့်ရှောက်မှု ပရမ်းပတာ ပြိုပျက်သွားတဲ့ သုံးပတ်တာ အစိုးရနဲ့  ဆေးကျောင်းသားတွေ  မတ်လ ၃ရက်က ထိပ်တိုက်တွေအပြီးအငယ်တန်းဆရာဝန်တွေပါ သပိတ်မှာ ပါလာနိုင်တယ်လို့  ဆေးပညာပါမောက္ခတွေက တွင်တွင်ပြောနေသလို ကျန်းမာရေးဝန်ကြီးကလည်း ဒီသပိတ်ကြောင့် လူနာတွေရဲ့ အသက်တွေပါ ထိခိုက်လာနိုင်တယ်လို့ မတ် ၁၂ ရက် အင်္ဂါနေ့  သတိပေးခဲ့ပါတယ်။

တောင်ကိုရီးယားအတွက် မဖြစ်မနေလိုအပ်တဲ့ ဆရာဝန်အရေအတွက် တိုးမြင့်လာစေဖို့ ဆိုရင် အစိုးရရဲ့ ဆေးပညာသင်ခွင့်ကို ပိုတင်းကျပ်လိုက်တဲ့ ကိစ္စကို ပြန်သုံးသပ်ဖို့ ဆိုပြီးအစိုးရရဲ့ စီအစဉ်ကို ကန့်ကွက်တဲ့ အနေနဲ့ ထောင်ပေါင်းများစွာသော ဆေးဘက်ဆိုင်ရာ သင်တန်းသားတွေက ပြီးခဲ့တဲ့လ  ဖေဖော်ဝါရီ ၂၀ ရက်ကတည်းက  လုပ်ငန်ခွင်တွေကနေ ထွက်ခွာသွားခဲ့ကြတာပါ။

အစိုးရကတော့ သပိတ်မှောက်သူတွေကို  ဥပဒေကြောင်းအရ အရေးယူဖို့  အမိန့်ထုတ်ထားပြီး လိုက်နာဖို့ ငြင်းဆိုတဲ့သူတွေကို ဆေးကုသခွင့်လိုင်စင် ဆိုင်းငံ့ထားမယ်လို့ ကြေငြာထားပါတယ်။

 ပဋိပက္ခကို အဆုံးသတ်ဖို့  ကျိုးကြောင်းဆီလျော်တဲ့  အောင်မြင်မှုတစ်ခုမှ  အစိုးရက မလုပ်ခဲ့ရင် လာမယ့် သီတင်းပတ်မှာ အစုလိုက်အပြုံလိုက် နှုတ်ထွက်တော့မယ်လို့  နိုင်ငံရဲ့  ထိပ်တန်းတက္ကသိုလ်တစ်ခုက  ဆေးကျောင်းပါမောက္ခတွေက အခုသီတင်းပတ်ထဲမှာပဲ သတိပေးထားတယ်လို့လည်း သိရပါတယ်။

Ref: AFP

ပုံစာမတ်လ ၃ရက်နေ့က ဆိုးလ်မြို့မှာ ဆန္ဒပြနေကြတဲ့ ဆရာဝန်နဲ့ ဆေးပညာသင်တန်းသာများ

Feature Image Credit: AFP

Visited 14 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *