စာမျက်နှာ၉၉မျက်နှာပါ အစိုးရကြွေးမြီမျက်နှာကြက်မြှင့်တင်ရေးဥပဒေကြမ်းကို ဇွန် ၁ရက်က အထက်ဆီးနိတ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်သဘောတူညီပြီး သမ္မတဂျိုးဘိုင်ဒင်ထံကို ဇွန်၂ရက်မှာ တင်လိုက်ပါတယ်။
သမ္မတက ဇွန်၃ရက်မှာ အဲဒီဥပဒေကြမ်းကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးပြီးအတည်ပြုလိုက်ပြီဖြစ်တယ်။ ဘဏ္ဏာရေးဝန်ကြီး ဂျနက်ယယ်လင် သတ်မှတ်ကြေညာပေးခဲ့တဲ့ ကြွေးမြီမျက်နှာကြက်မြှင့်တင်ရေးနောက်ဆုံးနေ့ဖြစ်တဲ့ ဇွန်၅ရက်မရောက်ခင်လေးမှာ ဥပဒေကိုပြဌာန်းပေးနိုင်ခဲ့တာဖြစ်တယ်။
အထက်လွှတ်တော်မှာ ၆၃-၃၆မဲရလဒ်နဲ့ သဘောတူညီမှုရရှိခဲ့ကြတယ်။ ဒီမိုကရက်နဲ့ တသီးပုဂ္ဂလတွေက ၄၆မဲ ရီပတ်ဘလီကင်တွေက ၁၇မဲ နဲ့ အနိုင်ရခဲ့တာဖြစ်ပြီးကန့်ကွက်မဲတွေကတော့ ရီပတ်ဘလီကင် ၃၁မဲ ဒီမိုကရက်၄မဲ တသီးပုဂ္ဂလ ၁မဲဖြစ်တယ်။
အောက်လွှတ်တော်မှာက ၃၁၄-၁၁၇ ရလဒ်နဲ့ သဘောတူညီခဲ့တာပါ။ပြဌာန်းလိုက်တဲ့ဥပဒေအရ အစိုးရဟာ ၂၀၂၅ခု နှစ် ဇန်နဝါရီလအထိ လူမှုဖူလုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသုံးစရိတ်အသီးသီးအတွက်သတ်မှတ်ပေးထားသလောက် ပြည်ထောင်စုဗဟိုဘဏ်ကနေ ဆက်လက်ချေးယူရရှိနိုင်မှာဖြစ်တယ်။
ကြွေးမြီမျက်နှာကြက်အကန့်အသတ်ထဲကနေထွက်လာနိုင်ခဲ့တာဟာ အားလုံးအတွက် သတင်းကောင်းဖြစ်တဲ့အကြောင်း သမ္မတဂျိုးဘိုင်ဒင်က သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားတယ်။
Ref: CNN