အစာအဆိပ်သင့် ခလေးငယ်(၁၂၀)ကျော် ဆေးကုသမှုခံယူနေရ

အစာအဆိပ်သင့် ခလေးငယ်(၁၂၀)ကျော် ဆေးကုသမှုခံယူနေရကြောင်း ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ကြ က်ခြေနီအဖွဲ့နှင့်အတူပရဟိတအသင်းအဖွဲ့များက သိရသည်။

ဇူလိုင်လ ၄ ရက်ကပဲခူးတိုင်းဒေသကြီးပဲခူးမြို့နယ်အဆိပ်တောင်ကျေးရွာအုပ်စု သစ်နီကျေးရွာ(၅၃/၅) အနီးရှိ မေတ္တာကမ်းလက် ပရဟိတမိဘမဲ့ခလေးများစောင့်ရှောက်ရေးကျောင်းတွင် ကလေးငယ် (၁၂၀) ကျော် ပဲခူး ခေါက်ဆွဲကြော်စားသုံးရာမှအစာအဆိပ်သင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအခါဆေးကုသမှုခံယူနေကြသောကလေးငယ်များအားလုံး အသက် အန္တရာယ်စိုးရိမ်ရမှုမရှိကြောင်းနှင့်ယနေ့ဇူလိုင်လ ၅ရက်တွင်ကျန်းမာရေးကောင်းမွန်သူအချို့ဆေးရုံမှဆင်းခွင့်ရမည်ဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *