
Photo Credit :GETTY IMAGES
ဆစ်ဒနီ၊ ဇန်နဝါရီ ၁၁
ကလေးသူငယ်အလွဲသုံးစားလုပ်မှု စွဲချက်တွေနဲ့ စီရင်ချက်ချခံခဲ့ရတဲ့ ကာဒီနယ် ဂျော့ခ်ျပယ်လ် တစ်ယောက် အသက် ၈၁ နှစ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။
ဗာတီကန်ဘဏ္ဍာရေးမှူးဟောင်းဖြစ်သလို သြစတြေးလျနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး ကက်သလစ်ဘာသာရေးဆရာ ဖြစ်ပြီး၊မလျော်ကန်တဲ့ ပြစ်မှုတွေအတွက် ထောင်သွင်းအကျဉ်းချခံရတဲ့ အကြီးဆုံး ဘာသာရေးအကြီးအကဲ ပုဂ္ဂိုလ် လည်း ဖြစ်ပါတယ်။။
တင်ပါးဆုံရိုးခွဲစိတ်ကုသမှုခံယူပြီးတဲ့နောက် နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့ကြောင်း ဘုရားကျောင်းတာဝန်ရှိသူတွေ က ပြောပါတယ်။
ကာဒီနယ် ပယ်လ်ဟာ ပုပ်ရဟန်းမင်းကြီးရဲ့ ထိပ်တန်းလက်ထောက်တစ်ဦးဖြစ်မလာမီ မဲလ်ဘုန်းနဲ့ ဆစ်ဒနီမြို့နှစ်ခု စလုံးရဲ့ ဂိုဏ်းချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဗာတီကန်ရဲ့ ဘဏ္ဍာရေးဆိုင်ရာရှင်းလင်းတာတွေလုပ်ဖို့ ၂၀၁၄ ခုနှစ်မှာ ရောမမြို့ကို ဆင့်ခေါ်ခံခဲ့ရဖူးပြီး ချာ့ခ်ျရဲ့ တတိယအဆင့်တာဝန်ရှိသူအဖြစ်လည်း မကြာခဏဖော်ပြခံရတဲ့သူ ဖြစ်ပါတယ်။
ဒီလို အောင်မြင်ထင်ရှား လေးစားခံနေရတဲ့အချိန်မှာပဲဘုန်းကြီးဟာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွဲချက်နဲ့တရားရင်ဆိုင်ဖို့ ၂၀၁၇ခုနှစ်မှာ ရာထူးကနေနုတ်ထွက်ပြီး ဗာတီကန်ကနေ သြစတြေးလျကိုပြန်လာ ခဲ့ ရပါတယ်။။
၂၀၁၈ အရောက် စစ်ဆေးမှုတွေအပြီး ၁၉၉၀ ခုနှစ်တွေအတွင်းက မဲလ်ဘုန်း ဂိုဏ်းချုပ်မှာ ယောက်ျားလေးနှစ်ဦး ကို စော်ကားခဲ့တဲ့အကြောင်းဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
၂၀၂၀ ခုနှစ်အရောက်မှာတော့ သြစတြေးလျတရားရုံးချုပ်က အပြီးသတ်စီရင်ချက်မချမီ ထောင် ၁၃ လအချုပ် ချခဲ့ ပါတယ်။
တစ်ဖက်မှာလည်း ကာဒီနယ် ပယ်လ့်ကို တေးဂီတအဖွဲ့သားတစ်ဦးရဲ့ ဖခင်ဖြစ်သူက တရားစွဲဆိုထားတဲ့အမှုက ဆက်ရင်ဆိုင်နေရပါတယ်။
ကလေးသူငယ်အလွဲသုံးစားမှု တော်ဝင်ကော်မရှင်ဟာ လူထောင်ပေါင်းများစွာကို တွေ့ဆုံမေးမြန်းတာတွေ နှစ်အတော်ကြာ လုပ်ဆောင်ခဲ့ပြီး ကော်မရှင်က သူတို့ရဲ့ တွေ့ရှိချက်တွေကို ၂၀၂၀ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ကာဒီနယ် ပယ်လ် က အဲ့ဒိ စွပ်စွဲချက်တွေကို “သက်သေအထောက်အထား မဖြစ်ဘူး ” လို့ အခိုင်အမာ ပြော ခဲ့ပါတယ်။
မဲလ်ဘုန်းမြို့က ဘုန်းတော်ကြီး ပီတာ က “အလွန်အရေးကြီးပြီး ဩဇာညောင်းတဲ့ ချာ့ခ်ျခေါင်းဆောင်” အဖြစ် ကာဒီနယ် ပယ်လ်ကို ဂုဏ်ပြုသလို သြစတြေးလျ ၀န်ကြီးချုပ် အန်တိုနီ အာဘနီ့စ် ကလည်း ပယ်လ်ရဲ့ သေဆုံးမှုဟာ လူအများအတွက် တုန်လှုပ်စရာဖြစ်လိမ့်မယ်လို့ပြောပါတယ်။
ကက်လစ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ၀န်ကြီးချုပ်ဟောင်း တိုနီ အက်ဘော့ကတော့”ကျွန်တော်တို့ခေတ်အတွက် သူတော်စင်” လို့ ပြောဆိုသလို သူရင်ဆိုင်နေရတဲ့ စွဲချက်တွေကိုတော့ “ခေတ်သစ်ကားစင်တင်ခြင်း” လို့ တင်စားပြောဆိုလိုက်ပါတယ်။
Ref:BBC