ပွေးရတို ပရင့်စေးစ(ဖိလစ်ပိုင်)၊ ဩဂုတ် ၁၀
ဖိလစ်ပိုင်က အငြင်းပွား တောင်တရုတ်ပင်လယ်ထဲက ဝေးလံခေါင်သီတဲ့ သန္တာကျောက်တန်း ကင်းစခန်းတစ်ခုမှာ တပ်ဆွဲ ထားတဲ့ သူတို့ရဲ့ ကင်းစခန်းတစ်ခုကို လာမယ့် သီတင်းပတ်အစောပိုင်းမှာ ထောက်ပံ့ရေးပစ္စည်းတွေ ထပ်ပို့ပေးမှာ ဖြစ်တယ် လို့ ဩဂုတ်လ ၁၀ ရက်မှာ ပြောဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်ကမ်းရိုးတန်းစောင့်သင်္ဘောတွေ အပါအဝင် Second Thomas Shoal မှာ စခန်းချထားတဲ့ ဖိလစ်ပိုင် တပ်ဖွဲ့ ဝင် တွေ အတွက် ရိက္ခာ၊ ရေနဲ့လောင်စာတွေ တင်ဆောင်လာတဲ့ စင်းလုံးငှားသင်္ဘောတွေကို တရုတ်ကမ်းခြေစောင့်တပ် သ င်္ဘော တွေက က ပိတ်ဆို့ကာ ရေအမြောက်တွေနဲ့ ပစ်ခတ်ခဲ့လို့ ပြီးခဲ့တဲ့ စနေနေ့ကတည်းက ထောက်ပံ့ရေးတွေ မလုပ် နိုင်ခဲ့ တဲ့အကြောင်း မနီလာ ဘက်က ပြောပါတယ်။
ဒီဖြစ်ရပ်က မနီလာနဲ့ ဘေကျင်းကြား သံတမန်ရေးရာ အငြင်းပွားမှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး တရုတ်ရဲ့ လုပ်ရပ် အပေါ် နိုင်ငံ တကာက ဝေဖန်မှုတွေ ဖြစ်စေခဲ့ပါတယ်။
လက်တစ်ဆုပ်စာ ဖိလစ်ပိုင် မရိန်းတပ်သားတချို့ဟာ BRP Sierra Madre လို့ခေါ်တဲ့ ဒုတိယကမ္ဘာစစ် လက်ကျန် ခေတ် ဟောင်းသင်္ဘောပေါ်မှာ အခြေစိုက်နေကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့ စနေနေ့ ဩဂုတ်လ၅ရက်နေ့ ကတော့ ကင်းစခန်းတွေဆီကို ရိက္ခာလာပို့ စင်းလုံးငှားသင်္ဘောတွေထဲကမှ တစ်စီး က ကမ်းနားကို မကပ်နိုင်အောင် တားဆီးခံခဲ့ရပြီး တခြားတစ်စင်းကတော့ သူ့ရဲ့ ထောက်ပို့ကိစ္စတွေ အောင်မြင် ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်တပ်မတော် အနောက်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်ချုပ်ကြီး အယ်လ်ဘာတို ကားလော့စ် ကတော့ လာမယ့် အပတ်အစောပိုင်းမှာ ထောက်ပို့လုပ်ငန်းအသစ်တစ်ခု ထပ်လုပ်ဦးမယ်လို့ လည်း ဒီနေ့ ဩဂုတ် ၁၀ရက်မှာ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
Ref: : AFP/nh
ပုံစာအညွှန်း။ ဖိလစ်ပိုင် ဒုတိယ ဗိုလ်ချုပ်ကြီး Alberto Carlos (ဝဲ) တောင်တရုတ်ပင်လယ် ထဲက အဝေးထိန်း ကင်းစခန်း တစ်ခုကို ထပ်ပြီး ထောက်ပံ့ ပေးမယ့်လို့ ပြောဆိုလိုက်ပါတယ်။
Feature Image Credit Photo: POOL/AFP/ELOISA LOPEZ