- အင်ဒိုနီးရှား ကတော့ အချက်အလက်စုနေဆဲလို့ သိရ
စင်္ကာပူ၊ ဩဂုတ် ၃၁
မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ဘရူနိုင်းတို့အပြင် အခြားနိုင်ငံတွေနဲ့ပါ အငြင်းပွားနေတဲ့ တောင်တရုတ် ပင်လယ်ထဲက ကျယ်ပြန့်တဲ့ ဧရိယာတွေ ပါဝင်တဲ့ တရုတ်ရဲ့ မြေပုံအသစ်နဲ့ ပတ်သက်ပြီး မလေးရှားနဲ့ အိန္ဒိယနိုင်ငံတွေက ကန့်ကွက်ထားကြ တယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားကတော့ ဘေကျင်းက သူတို့ရဲ့ သံရုံးကနေတစ်ဆင့် အချက်အလက် အသေးစိတ်တွေ ထပ်လေ့ လာနေတယ်လို့ ဆိုပါတယ်။
လာမယ့် စက်တင်ဘာ ၅ ရက်ကနေ ၇ ရက်အထိ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံ များအသင်း (အာဆီယံ) ထိပ်သီးအစည်းအဝေးနဲ့ အိန္ဒိယနိုင်ငံမှာ စက်တင်ဘာ ၉ ရက် ကနေ ၁၀ ရက်အထိ ကျင်းပမယ့် G20 ထိပ်သီး အစည်းအဝေး မတိုင်မီ တရုတ်မြေပုံအသစ်ကို ထုတ်ဝေမှာ ဖြစ်သလို အဲ့ဒီ စက်တင်ဘာထဲက အစည်းအဝေးတွေကိုလည်း တရုတ်ကိုယ်စားလှယ်တွေ တက်ဖို့ ရှိတယ်လို့ သိရပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီ အဗ္ဗုဒူ ခါဒီး က မြေပုံအသစ်မှာ ဖော်ပြထားတဲ့ မကျေမလည် ရှိနေသေးတဲ့ တောင် တရုတ် ပင်လယ်ပိုင်နက် အငြင်းပွားမှုဧရိယာတွေအတွက် တရုတ်နိုင်ငံဆီကို ကန့်ကွက်လွှာပေးပို့မယ်လို့ ဩဂုတ် ၃၁ ကြာသ ပတေးနေ့ (သြဂုတ် ၃၁) က The Star သတင်းမှာ ဖော်ပြထားပါတယ်။
မြေပုံအသစ်မှာတရုတ်ရဲ့ လုပ်ဆောင်ပုံကို တုန်ပြန်တဲ့ အနေနဲ့ မလေးရှားဘက်ကတော့ အစောပိုင်းကတည်းက တောင် တရုတ် ပင်လယ်ထဲက ဧရိယာတွေနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ တောင်းဆိုမှုကို အသိအမှတ်မပြုတဲ့ အကြောင်း ပြောဆိုထား ပြီး ဖြစ်တယ်လို့လည်း ထပ်ပြီး ပြောဆိုလိုက်ပါတယ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဩဂုတ်၃၀ ရက်နေ့မှာ အဲ့ဒိမြေပုံထဲက တရုတ်နိုင်ငံရဲ့ တစ်ဖက်သတ်ပင်လယ် ပြင်ပိုင်နက်ဆိုင်ရာ တောင်းဆိုမှုတွေက မိမိတို့ရဲ့ ဆာဘတ်နဲ့ ဆာရာဝတ်ဒေသရဲ့ ပင်လယ်ပြင်ဧရိယာတွေကို ထိပါးလာတာ လို့ ဖော်ပြပါတယ်။
မလေးရှားသတင်းအေဂျင်စီကလည်းအချုပ်အခြာအာဏာ၊ အချုပ်အခြာအာဏာပိုင်ပိုင်ခွင့်ဟာ ၁၉၇၉ခုနှစ်က အတည်ပြု ထားတဲ့ နိုင်ငံမြေပုံ ကို အထိခိုက်ခံမှာ မဟုတ်ဘူးလို့လည်း ရေးသားဖော်ပြပါတယ်။
ကိစ္စရပ်တိုင်း ကုလသမဂ္ဂပင်လယ်ဥပဒေဆိုင်ရာ သဘောတူစာချုပ် (UNCLOS 1982) အပါအဝင် နိုင်ငံတကာဥပဒေပါ ပြဋ္ဌာန်းချက်တွေကို အခြေခံပြီး ဆွေးနွေးညှိနှိုင်းမှုတွေတစ်ဆင့် ပြဿနာကို ငြိမ်းချမ်းစွာ ဆင်ခြင်တုံတရားနဲ့ စီမံခန့်ခွဲဖို့ လိုအပ်ကြောင်းကိုလည်း အလေးပေးဖော်ပြခဲ့တယ်လို့ သိရပါတယ်။
အင်ဒိုနီးရှားလည်း သူတို့ရဲ့ ရေမိုင် ၂၀၀ထဲ ကျရောက်နေတဲ့ နာတူနာကျွန်းစုကို တရုတ်ပိုင်နက် ထဲ ဝင်နေတဲ့အပေါ်ကိုတော့ တရားဝင်တုံ့ပြန်မှု မထုတ်ပြန်သေးပါဘူး။
အင်ဒိုနီးရှားက အိန္ဒိယလို ဆန္ဒပြမှာလားလို့ မေးလာတဲ့အပေါ် အာဏာပိုင်တွေက “အင်ဒိုနီးရှားသံရုံးရဲ့ အကြံပြုချက်ကို ဦးစွာ စောင့်နေပါတယ်” လို ပြန်လည်ဖြေခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယအာဏာပိုင်တွေကတော့ ဩဂုတ် ၂၉ရက် အင်္ဂါနေ့မှာ တရုတ်နိုင်ငံကို “ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့ အကြောင်း သတင်း ထုတ်ပြန်ခဲ့တယ်လို့ AFP ရဲ့ သတင်းတွေ အရ သိရပါတယ်။။
Ref: Agencies/ya(as)
ပုံစာအညွှန်း။ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မြင်ကွင်း
Feature Image Credit: AFP