လန်ဒန်၊ ဇူလိုင် ၃၀
အင်္ဂလန်မြောက်ပိုင်းမှာ ဖွင့်ထားတဲ့ အကသင်တန်းကို ဇူလိုင် ၂၉ရက် တနင်္လာနေ့က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ ဓားကိုင် တိုက်ခိုက်မှုမှာ ကလေးငယ်နှစ်ယောက် သေဆုံးပြီး ကိုးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
တရားခံဟာ ဆယ်ကျော်သက်အရွယ်လူငယ်တစ်ယောက်လို့ လည်း ရဲတပ်ဖွဲက ပြောပါတယ်။
ဒဏ်ရာရ ကလေးငယ် ကိုးယောက်မှာ ခြောက်ယောက်က စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ မာဆေးဆိုဒ်က ရဲချုပ် ဆရီနာ ကနေဒီက သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။
တိုက်ခိုက်တဲ့ လူငယ်က ဓားကိုင်ပြီး အဆောက်အအုံထဲဝင်လာကာ ကလေးငယ်တွေကို တိုက်ခိုက်ခဲ့တာလို့ ရဲတွေက သတင်းထုတ်ပြန်ပါတယ်။
“ဒဏ်ရာရသွားတဲ့ အရွယ်ရောက်ပြီးသူတွေက တိုက်ခိုက်ခံရတဲ့ ကလေးတွေကို ကာကွယ်ဖို့ ရဲရင့်စွာ ကြိုးပမ်းခဲ့ကြတယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး တနင်္လာနေ့ ညနေပိုင်းက သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ် ကနေဒီ က ပြောဆိုပါတယ်။
အခင်းဖြစ်ချိန်ဟာ ဒေသစံတော်ချိန် နံနက် ၁၁: ၅၀ နာရီ မှာလို့ သိရပါတယ်။ လက်ရှိမှာတော့ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးကို “လူသတ်မှု အပါအဝင် လူသတ်ရန် ကြိုးပမ်းမှု” နဲ့ အခင်းဖြစ်ပွားရာနေရာမှာ ပဲဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
“စုံစမ်းစစ်ဆေးမှုက အစပိုင်းအဆင့်မှာ ရှိနေပြီး အဖြစ်အပျက်အတွက် စေ့ဆော်မှုကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့်လည်း အနောက်မြောက်ဒေသ အကြမ်းဖက်မှုနှိမ်နင်းရေးရဲတပ်ဖွဲ့ကလည်း ဝိုင်ကူညီပေးနေပါတယ်” ဆိုပြီး ကနေဒီက ပြောဆို ထားတယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ အခင်းဖြစ်နေရာမှာ ရဲတပ်ဖွဲတွေ စုံစမ်းစစ်ဆေးနေကြပုံ
Feature Image Credit: ChauffeurWest/X via PA Wire



