ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ညောင်ရွှေမြို့နယ်၊ အင်းလေးက ဖောင် တော်ဦး ရုပ်ရှင်တော်ဘုရားလေးဆူဟာ အင်းလေးဒေသအတွင်းက ၂၁ဌာနကိုနှစ် စဉ်ကြွချီပြီး အပူဇော်ခံလေ့ရှိပေမယ့် ၂၀၂၀၊၂၀၂၁နဲ့ ၂၀၂၂ခုနှစ်တွေမှာ အပူ ဇော်ခံကြွချီတာကို ရပ်နားခဲ့ပြီး ၂၀၂၃ ခုနှစ် မှာ ဒေသစာရီ ပြန်လည်ကြွချီအပူဇော်ခံမှာ ဖြစ်တယ်လို့ ဘုရား ဂေါပကအဖွဲ့ ဆီကနေ သိရပါတယ်။



အင်းလေးဖောင်တော်ဦး ဘုရားလေးဆူ အင်းလေးဒေသတွင်း ၂၁ ဌာနကို ပြန် လည် ကြွချီအပူဇော်ခံနိုင်ဖို့အတွက် ဩ ဝါဒါစရိယဆရာတော်တွေနဲ့ ဘုရားဂေါပက အဖွဲ့တွေ အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ် လိုက်တာလို့ သိရပါတယ်။




အင်းလေးဖောင်တော်ဦး ဘုရားလေးဆူကိုနှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ သီတင်းကျွတ် လဆန်း(၁)ရက်၊ အောက်တိုဘာလ ၁၅ ရက်မှစပြီး ရှေးရိုးရာအတိုင်း (၂၁)ဌာန ကို အောက်တိုဘာ ၁၅ ရက်၊ နံနက် ၄ နာရီ အခမ်းအနားဖွင့်ပွဲပြုလုပ်ပြီးနောက် အင်း တိန်ကြေးပေါခုံကျောင်းတွင် တစ်ရက်၊ အင်းတိန်စံကျောင်းနဲ့ဟဲယာရွာမစံ ကျောင်းကို နှစ်ရက်၊ ငါးဖယ်ချောင်း ကျောင်းမှာ တစ်ရက်၊ ကြေးစားကျောင်း၊ ပွဲစားကုန်းကျောင်း၊ လင်းကင်းကျောင်း၊ ညောင်ရွှေမြို့ကျောင်းတော်၊ နန်းသဲ
ကျောင်း၊ မိုင်းသောက်ကျောင်း၊ သလဲဦးကျောင်း၊ ကေလာကျောင်း၊ ဇရပ်ကြီး ကျောင်း၊အလိုတော်ပေါက်တောင်ကျော င်း၊ နမ့်ပန်ကျောင်း၊ မန်ကျည်း ဆိပ်ကျောင်း၊ ကျိုင်းခမ်းကျောင်း၊ မိုင်းကျိုးကျောင်း၊ နောင်တောကျောင်း၊ အင်းပေါခုံကျောင်း၊ ရေသာကျောင်းတို့ကို အစဉ်အလာအတိုင်း အပူဇော်ခံ ကြွရောက်သွားမှာလို့ သိရပါတယ်။