ရှမ်းပြည်နယ်(တောင်ပိုင်း)၊ညောင်ရွှေမြို့နယ်ထဲက နှစ်စဥ်ကျင်းပမြဲဖြစ်တဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲကို ကိုဗစ်စတင်ဖြစ်ပွားပြီးနောက်ပိုင်း အောက်တိုဘာလ၁၅ရက်နေ့မနက်ပိုင်းက ပြန်လည်ကျင်းပခဲ့ပါတယ်။



အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို သီတင်းကျွတ်လဆန်း၁ရက်နေ့ကစတင်ပြီး ရှေးရိုးရာများအတိုင်း အင်းလေးဖော်တော်ဦးဗုဒ္ဓရုပ်ပွားတော်တွေကို ၂၁ဌာနကို အပူဇော်ခံကြွရောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။



၂၀၂၀ခုနှစ်မှာ ကိုဗစ် ရောဂါကပ်ဆိုးကြောင့် ဘုရားပွဲတော်မကျင်းပြဖြစ်ဘဲ ၂၀၂၃ခုနှစ် ယခုနှစ်မှာ ပြန်လည်ကျင်းပခဲ့တာဖြစ်ပြီး ဖောင်တော်ဦးဘုရားကျောင်းတော်ရာကနေဗုဒ္ဓရုပ်ပွားတော်တွေကို အင်းသားများကိုယ်တိုင်လှော်ခတ်တဲ့ ဘုရားပင့်ဆွဲလှေတွေ၊အလှပြလှေတွေနဲ့ ရွှေအင်းတိန်ဘုရားမှာ နေ့ဆွမ်းဆက်ကပ်ပြီး တစ်ညအိပ် ရပ်နားကာသီတင်းကျွတ်လဆန်း၂ရက်နေ့မှာ ဟဲယာရွာမရွာကို အပူဇော်ခံကြွရောက်သွားမှာလို့ သိရပါတယ်။

အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို အောက်တိုဘာ ၁၅ရက်ကနေ နိုဝင်ဘာ ၁ ရက်နေ့အထိ ပွဲတော်ရက် ၁၈ ရက် ကြာ ကျင်းပသွားမှာလို့လည်း သိရပါတယ်။