၁၂ ဖေဖော်ဝါရီ၊၂၀၂၄
ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့၊ ရန်ကုန် မန္တလေးကားလမ်းဟောင်း၊ ထက်ဧကရီ ဆီဆိုင်ရှေ့အနီးမှာ ည၇နာရီခွဲဝန်းကျင်အချိန်က ဘိလပ်မြေဖျော်တဲ့ကားနဲ့ ၂၂ဘီးကား တိုက်မိခဲ့တာကြောင့် မီးလောင်မူဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။


“မီးအကြီးအကျယ်လောင်သွားတယ်။လူတော့ထိခိုက်မူမရှိဘူး”လို့ဒေသခံတဦးကပြောပါတယ်။



ဘိလပ်မြေဖျော်တဲ့ယာဥ်ဟာ ရန်ကုန်ဘက်ကနေ ပဲခူးမြို့ကိုမောင်းနှင်လာစဉ် ကလပ်ဂျန့်ဖြစ်ရာကနေ၊ လမ်းလယ်ကျွန်းကိုဝင်ရောက်တိုက်မိပြီး ပဲခူးဘက်ကနေ ရန်ကုန်ဘက်ကိုမောင်းနှင်လာတဲ့ ၂၂ဘီးတွဲကားကို ဝင်တိုက်မိတာကြောင့် တွဲကားယာဉ်မှာ တိမ်းမှောက်လဲပြီးမီးလောင်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
မီးလောင်ရာနေရာကို ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများက မီးငြှိမ်းသတ်ယာဉ်(၉)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီးတို့နဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
Visited 68 times, 1 visit(s) today



