အင်းစိန် ရွာမအရှေ့ရပ်ကွက်မှာ လက်ဘရည်ဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ် ကွက်၊ ပြည်တော်သာမှတ်တိုင်အနီးက လက်ဘရည်ဆိုင်တစ်ဆိုင်မှာ ဇန်နဝါရီလ၄ရက် ည၉နာရီ၄၂မိနစ်က မီး လောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးဆောင်ရွက်ပေးသူအသိုင်းအဝိုင်းက စုံစမ်းသိရှိရပါတယ်။

“မီးလောင်တာ လက်ဘရည်ဆိုင်တစ်ဆိုင်လုံးနီးပါးကုန်သွားတယ်။ဆိုင်ရှေ့နည်းနည်းပဲကျန်တော့တယ်။မီးငြှိမ်းတာမိ နစ်၂၀လောက်တော့ ကြာတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို အင်းစိန်မြို့နယ်အတွင်းက မီး သတ်စခန်းများမှ မီးငြှိမ်းသတ်ယာဥ်များ၊ရေသယ်ယာဥ်များ၊သန္ဓေနဲ့အရန်မီးသတ်တပ်ဖွဲ့များ၊လူမှုကူညီရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး မီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *