အင်းစိန်မှာ ၁၄နှစ်သားကောင်လေး တစ်ယောက်က သူငယ်ချင်းဖြစ်သူနဲ့ သူ ငယ်ချင်းရဲ့မိခင်တို့ကို ဓားနဲ့ထိုးမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊ကြို့ကုန်းအရှေ့ရပ်ကွက်၊တိမွေးကုဝန်း ဝန် ထမ်းအိမ်ရာ၊ တိုက်အမှတ်-4(B)မှာ သြဂုတ်လ၇ ရက်နေ့ မွန်းလွဲ၃နာရီခွဲက အသက်၁၄နှစ်အရွယ်Grade-9ကျောင်းသားကောင်လေးတစ်ယောက်က သူငယ် ချင်းဖြစ်သူနဲ့သူငယ်ချင်းရဲ့မိခင်တို့ကို ဓား နဲ့ထိုးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဓားထိုးမှုကြောင့် သူငယ်ချင်းရဲ့မိခင်မှာ လည်ပင်းပြတ်ရှဒဏ်ရာ ၃ချက်၊ နှာ ခေါင်းပြတ်ရှဒဏ်ရာ ၁ချက်၊ လည်ပင်း ဝဲ/ယာ ထိုးသွင်းဒဏ်ရာ၃ချက်တို့နဲ့ အ ခင်းဖြစ်နေရာတင် သေဆုံးခဲ့ရပြီး သူငယ် ချင်းဖြစ်သူကောင်မလေးမှာ ဝဲတံတောင် ဆစ် ပြတ်ရှဒဏ်ရာ ၁ ချက်၊ လည်ပင်း ယာဘက် ပွန်းခြစ်ဒဏ်ရာ ၁ချက်တို့ ရရှိ ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ၇ရက် မွန်းလွဲ၂နာ ရီခန့်က အင်းစိန်မြို့နယ်၊ကြို့ကုန်းအရှေ့ ရပ်ကွက်၊တိမွေးကုဝန်း ဝန်ထမ်းအိမ်ရာ၊ တိုက်အမှတ်-4(B)မှာ နေထိုင်တဲ့ မ—(၄၃နှစ်၊လက်ထောက်ကြီးကြပ်ရေးမှူး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊အင်း စိန်)ရဲ့နေအိမ်ဧည့်ခန်းမှာ သမီးဖြစ်သူမ—(၁၄နှစ်)Grade9ကျောင်းသူဟာ မောင်ကျော်ဇောလင်း(ခ)ရွှေသီး(၁၄နှစ်)Grade9ကျောင်းသားနဲ့ စကားထိုင် ပြောနေတာကို အပြင်ကပြန်ရောက်လာတဲ့ မ— (၄၃နှစ်)တွေ့ရှိသွားခဲ့ရာ မ—(၄၃ နှစ်)ဟာမောင်ကျော်ဇောလင်းကို မင်း ဘယ်ကလဲ ဘယ်သူ့သားလဲ၊ ငါ့သမီးနဲ့ ကြိုက်နေတာလားလို့ မေးမြန်းခဲ့ရာ မောင် ကျော်ဇောလင်းက စကားတစ်ခွန်းမှ ပြန်မပြောတာကြောင့်မ—(၄၃နှစ်) ဟာ စိတ်တိုပြီးလက်ဖြင့်ရိုက်နှက်ခဲ့ကြောင်း၊ ထိုသို့ ရိုက်နှက်စဉ် ကျော်ဇောလင်းမှ ထွက်ပြေးရန်ပြုလုပ်ခဲ့ရာ မ—-(၄၃နှစ်)မှ နေအိမ်အရှေ့တံခါးပေါက်အား ကာထား သဖြင့် နောက်ဖေးမီးဖိုချောင်အပေါက် ဘက်ကိုထွက်ပြေးခဲ့ကြောင်း၊ထိုသို့ ထွက် ပြေးစဉ် မ–(၄၃နှစ်)ဟာ နောက်မှ ပြေး လိုက်ဆွဲခဲ့ပြီး မီးဖိုချောင်အတွင်းရှိ ငရုတ် ကျည်ပွေ့ကို ကိုင်ခဲ့စဉ် မောင်ကျော်ဇော လင်းက မီးဖိုချောင်အတွင်းရှိ ဓားဦးချွန် ၁ ချောင်းအား ယူကာထိုးခဲ့ကြောင်း၊ ထို့ နောက် စတီးဓားမ ၁ ချောင်းအား ထပ်မံ ယူပြီး မ—-(၄၃နှစ်)ကို ခုတ်သဖြင့် သမီး ဖြစ်သူ မ—(၁၄နှစ်)မှ “မလုပ်ပါနဲ့”လို့ အော်ဟစ်ဝင်ရောက် တားဆီးခဲ့ကြောင်း၊ ထိုသို့တားဆီးစဉ်မောင်ကျော်ဇောလင်းက မ——(၁၄နှစ်)ကို ဓားဖြင့်ထိုးခဲ့ရာ ဝဲတံ တောင်ဆစ် ပြတ်ရှဒဏ်ရာ ၁ ချက်၊ လည်ပင်းယာဘက် ပွန်းခြစ်ဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပြီး မောင်ကျော်ဇောလင်း (ခ)ရွှေသီးမှာထွက်ပြေးသွားခဲတာဖြစ် တယ်လို့ သိရပါတယ်။

ဓားထိုးမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး မောင် ကျော်ဇောလင်း(ခ)ရွှေသီး( ၁၄နှစ်)၊ Grade9ကျောင်းသားကို အင်းစိန်မြို့မ ရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၃၂၄နဲ့ အမှုဖွင့်ဖမ်းဆီးအရေးယူထား တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *