အင်းစိန်မှာ လမ်းလျှောက်လာသူအမျိုးသမီး၁ဦးဆီကစိတ်ကြွရူးသွပ်ဆေးပြား၅၀၀၀၀ပြားဖမ်းဆီးရမိ

■သတင်းအရ ရှာဖွေဖမ်းဆီးနိုင်ခဲ့တာဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ် ကွက်၊ လမ်းသစ်လမ်းမှာလမ်းလျှောက်လာသူ မဝေဝေအောင်(ခ)မဝေဆီကနေ ကာလပေါက်စျေး ကျပ်သိန်း ၅၀၀တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၅၀၀၀၀ပြားနဲ့လက်ကိုင်ဖုန်း၁လုံးတို့ကို ဖေဖော် ဝါရီလ၈ရက် မွန်းလွဲ ၂နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

စိတ်ကြွရူးသွပ်ဆေးပြားများနဲ့အတူ ဖမ်းမိခဲ့တဲ့မဝေဝေအောင်(ခ)မဝေ(၃၆နှစ်)ကို အင်းစိန်မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်နေတယ်လို့လည်း သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *