၁ မတ်၊၂၀၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းမှာ ဒီနေ့ည၁၇နာရီ၊ ၄၀မိနစ်အချိန်ခန့်က ကားမီးလောင်မှုဖြစ်ပွားခဲ့တာကြောင့်၂ဦးသေဆုံးပြီး၊တဦးအပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ကူညီပေးခဲ့တဲ့သူအချို့ဆီက သိရပါတယ်။
“အင်းစိန် ကျောင်းဂိတ်အနီး ကားတစ်စီး မီးလောင်ပေါက်ကွဲမှုဖြစ်တယ်။ဘာကြောင့်ဆိုတာမသိရသေးဘူး ။သေဆုံးတဲ့သူနှစ်ယောက်ကလဲ ရုပ်တောင်ဖမ်းမရတော့ဘူး “လို့အနီးအနားမှာ ရှ်ိနေသူတဦးကပြောပါတယ်။
မီးလောင်မှုဖြစ်ပွားရာနေရာကို အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များနဲ့ ပရဟိတအသင်းအချို့ကသွားရောက်ကူညီ ငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
Visited 28 times, 1 visit(s) today



