ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်မြို့နယ်၊တညင်းကုန်းဈေးဝင်ပေါက်(၂)ရှေ့မှာ စက်တင်ဘာ၈ရက်နေ့လယ်ပိုင်းက ကုန်တင်ကားနဲ့ဘက္ထရီစက်ဘီး တိုက်မိမှုဖြစ်ပွားခဲ့ပြီး စက်ဘီးစီးသူသေဆုံးခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကားနဲ့စက်ဘီးတိုက်မိပြီး ကားက စက်ဘီးစီးလာတဲ့သူခေါင်းကိုတက်ကြိတ်မိသွားလို့သေသွားတယ်။သေသွားတဲ့ အမျိုးသားက အသက်၃၅နှစ်လောက်ဦးမှာ မင်္ဂလာဒုံဘက်နေတဲ့သူလို့ ပြောတာကြားမိတယ်´´လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကားတက်ကြိတ်မိပြီးသေဆုံးသွားသူရဲ့ ရုပ်အလောင်းကို တွဲလက်လူမှုကူညီရေးအသင်းကကားနဲ့ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Photo– တွဲလက်လူမှုကူညီရေးအသင်း