အင်းစိန်ပန်းခြံ ဂုံးတံတားအဆင်း ကားမှတ်တိုင်အနီးမှာ YBSကားတစ်စိး မီးလောင်မှုဖြစ်ပွား

ဧပြီ(၅)၊၂၀၂၄

ရန်ကုန်တိုင်းဒေသကြီး၊အင်းစိန်ခရိုင်၊အင်းစိန်မြို့နယ်၊ အင်းစိန်ပန်းခြံဂုံးတံတားအဆင်းကားမှတ်တိုင်အနီး ရွှေနေ့သစ်လက်ဖက်ရည်ဆိုင်ရှေ့မှာ ဧပြီလ၅ရက်နေ့ ညနေ ၅နာရီအချိန်ခန့်က YBS 103 ကားတစ်စီးမီးလောင်မှုဖြစ်ပွါးခဲ့တယ်လို့​ အနီးနားနေထိုင်သူတွေဆီက သိရပါတယ်။

မီးသတ်ကားများနဲ့အနီးရှိပြည်သူများ အချိန်မှီ ရောက်ရှိလာပြီး ငြိမ်းသတ်ခဲ့တာကြောင့်ကားမောင်းသူနဲ့ ခရီး သည်များ ထိခိုက်မှုမရှိဘူးလို့ အနီးနားရှိခဲ့သူတဦးက ပြောပါတယ်။

“ရာသီဥတုကလဲတအားပူတော့ အင်ဂျင်ပူပီးမီးလောင်တာလားမသိ မီးခိုးမွှမ်သူတွေလဲရှိတယ် ကြီးကြီးမားမားထိခိုက်တာမတွေ့ခဲ့ရဘူး လူတွေအမြန်ဆင်းလိုက်မ်ိလို့”လို့ အနီးနားနေထိုင်သူတဦးက ပြောပါတယ်။

YBS ဘက်စ်ကားမီးလောင်မှုဖြစ်ပွါးရာနေရာကို မီးသတ်တပ်ဖွဲ့နဲ့ အင်းစိန်မြို့နယ်က စိန်ရတနာအသင်းရုံးကအရေးပေါ်လူနာတင်ယာဉ်နဲ့သွားရောက် ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်

  ·

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *