အာဆီယံရဲ့ လုပ်ဆောင်မှုအပိုင်းတွေကို နိုင်ငံတကာမီဒီယာတွေက အာရုံစူးစိုက်မှု များများ စားစား မရှိကြသလို အာဆီယံမှာ မြန်မာပါဝင်မှုနဲ့ ပတ်သက်တဲ့ ကိစ္စရယ်၊ အာစီယံနိုင်ငံတွေနဲ့ တရုတ်တို့ကြား ………
လက်ရှိ အာစီယံဥက္ကဌ ရာထူးရယူထားရတဲ့ အင်ဒိုနီးရှားအနေနဲ့ ပြည်တွင်းပြည်ပ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်လို့ ပြောဆိုလိုက်တာ အားလုံးအသိဖြစ်ပါတယ်။
မြန်မာ စစ်တပ်က အာဏာကို လွဲပြောင်းရယူလိုက်ပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ နိုင်ငံရဲ့ ဒေသပေါင်းစုံက အကြမ်းဖက်မှု ပြသနာတွေကို ကောင်းမွန်လာအောင် ဘယ်လို လုပ်ဆောင်ခဲ့သလည်း၊ဘယ်လို လုပ်ဆောင်မှာလည်းဆိုတာ ဖြေဖို့ ခက်တဲ့ ပုစ္ဆာတစ်ပုစ် ဖြစ်နေဆဲပဲဖြစ်တယ်။
နောက်ထပ်ပြသနာ တစ်ခုကလည်း အာစီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံကြားက တောင်တရုတ်ပင်လယ် အရေး အားပြိုင်မှုတွေ ကလည်း ကြီးမားတဲ့ ခေါင်းခဲစရာကိစ္စတစ်ခု ဖြစ်နေပြန်ပါတယ်။
မကြာသေးခင်ကမှတရုတ်ဘက်က ပြောဆိုလုပ်ကိုင်လာတဲ့ တောင်တရုတ်ပင်လယ်ဒေသမြေပုံအသစ်မှာ တရုတ်က ဒေသ အားလုံးနည်းပါးကို သူ့ပိုင်နယ်မြေ ဧရိယာထဲ ထည့်ဆွဲလိုက်တဲ့ ပြသနာမှာ အာစီယံနိုင်ငံတွေ ဘက်က ကန့်ကွက် သံတွေ ဆူညံ ပွက်လောရိုက်ခဲ့ပါတယ်။
ဒီလို အရေးတွေကြောင့် ဒေသတွင်းမှာ အမေရိကန်နဲ့ တရုတ်တို့ရဲ့ တင်းမာမှုတွေကလည်း ပြသနာ တစ်ရပ် ဖြစ်နေဆဲပါ။
အခုနှစ် ဥက္ကဋ္ဌတာဝန်ရဲ့ ခေါင်းစဉ်က“Asean Matters: The Epicentrum of Growth” ဖြစ်ပြီး အာစီယံကို ဒေသတွင်းဝန်း ကျင်ကနေ ဒိ့ထက်ကျယ်ပြန့်တဲ့ အသိုက်အဝန်းတစ်ခုဆီ ပိုဆောင်နိုင်ရေးပဲ ဖြစ်ပါတယ်။
ဒါဟာ ရည်မှန်းချက်ကြီးလွန်းတယ်လို့ထင်ရပေမယ့် အာဆီယံဒေသတွင်း ပြည်သူတွေအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နဲ့ သာယာဝပြောရေးကို အာမခံတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ အထူးသဖြင့် အခုအချိန်မှာ အင်ဒို-ပစိဖိတ်ဒေသ ဟာ ကမ္ဘာမှာ အမေရိကန်ရဲ့ ပြိုင်ဆိုင်မှု အကျယ်ပြန့်ဆုံး ဒေသဖြစ်လာနေပါတယ်။
တစ်ချိန်တည်းမှာပဲတရုတ်၏ ကြီးထွားလာနေတဲ့ ပါဝါကို အဟန့်အတားဖြစ်စေဖို့ ကျန်တဲ့ နိုင်ငံတွေက သူတို့ရဲ့ ခွန်အားနဲ့ သြဇာကို တည်ဆောက်ကြရတဲ့ အချိန်လို့လည်း ပြောဆိုပါတယ်။
လက်ရှိအနေအထားအရ အာဆီယံရဲ့ လုပ်ဆောင်မှုအပိုင်းတွေကို နိုင်ငံတကာမီဒီယာတွေက အာရုံစူးစိုက်မှု များများ စားစား မရှိကြသလို အာဆီယံမှာ မြန်မာပါဝင်မှုနဲ့ ပတ်သက်တဲ့ ကိစ္စရယ်၊ အာစီယံနိုင်ငံတွေနဲ့ တရုတ်တို့ကြား တင်းမာ မှုပြသနာတွေကလည်း တိုးတက်မှုနည်းနည်းငယ်သာရှိတယ်လို့ အလှည့်ကျနိုင်ငံက ဝန်ခံထားပါတယ်။
လက်တွေ့မှာလည်း အင်ဒိုနီးရှားရဲ့ ထိန်းချုပ်မှုထက် ကျော်လွန်နေတဲ့အရာတွေ များစွာ ရှိနေပြီး အာဆီယံ ဥက္ကဋ္ဌ အနေနဲ့ ကလည်း ပြဿနာအားလုံးကို တစ်ပြိုင်နက် ဖြေရှင်းနိုင်ဖို့ အားလုံးက မျှော်လင့်ချက်ထားနေတာကလည်း တရားမျှတမှု မရှိဘူးလို့ပြောပါတယ်။
အင်ဒို-ပစိဖိတ်ဒေသ နဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ရပ်တည်ချက်ကို ပြန်အတည်ပြုနိုင်ဖို့ အင်ဒိုနီးရှားအနေနဲ သူ့ထိုင်ခုံကို ကောင်းမွန်စွာ အသုံးချခဲ့တယ်လို့ ဆိုပါတယ်။
အာဆီယံက ဘယ်ကိုသွားချင်တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် သင်္ဘောပေါ်မှာ အားလုံးပါကြပါရဲ့လား။ လူတိုင်းရှိတယ်ဆိုတာကို ယုံကြည်ဖို့က အင်ဒိုနီးရှားပေါ်မှာပဲ မူတည်တယ် လို့ ရေးသားထားပါတယ်။
Ref: ၂၀၂၃ စက်တင်ဘာ ၅ ရက်နေ့ထုတ် The Jakata Post အယ်ဒီတာ့အာဘော် “ Asean in the driver’s seat” ကို ဆီလျှော်အောင် ပြန်ဆိုရေးသား ဖော်ပြထားတာ ဖြစ်ပါတယ်။