အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲ တောင်တက်သမား ၇၅ယောက်မှာ ၁၁ ယောက်သေဆုံး ၂၆ယောက်ကို ကယ်မထုတ်နိုင်သေး

ဂျာကာတာ၊ ဒီဇင်ဘာ ၄

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းက မာရာပီ မီးတောင် ပေါက်ကွဲပြီး အနည်းဆုံး တောင်တက်သမား ၁၁ ယောက် သေဆုံး သွားတဲ့အကြောင်း ဒေသဆိုင်ရာ ကယ်ဆယ်ရေး အရာရှိတစ်ဦးက AFP ကို ဒီဇင်ဘာ ၄ရက် တနင်္လာနေ့မှာ  ပြောဆို ခဲ့ တယ်လို့ သိရပါတယ်။

ဆူမားတြားကျွန်းမှာရှိတဲ့ မာရာပီတောင်ဟာ အမြင့် ၂၈၉၁ မီတာရှိပြီ ဒီဇင်ဘာ ၃ရက် တနင်္ဂနွေနေ့က ပေါက်ကွဲခဲ့ပြီး ကောင်း ကင်ပေါ်မီတာ ၃၀၀၀ လောက်အထိ ပြာတွေ လွှင့်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“မကယ်ထုတ်ရသေးတဲ့ လူ ၂၆ ယောက် ရှိဆဲပဲ ဖြစ်ပါတယ်။ ပထမအကြိမ် ကယ်တင်ရာမှာ ၁၄ယောက်ကို တွေ့ခဲ့တာ ဖြစ်ပေမယ် သုံးယောက်ပဲ  အသက်ရှင်လျက် တွေ့ခဲ့ရတာ ဖြစ်ပြီး  ၁၁ယောက်ကတော့ အသက်မရှိတော့ပါဘူး” လို့  Padang ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ အဗ္ဗဒူ မာလစ်  က မီးတောင်ပေါက်ကွဲမှုအပြီး တစ်ရက် အကြာမှာ ပြောခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက  တောင်တက်သမားတွေကို ဘေးလွတ်ရာ ပို့နိုင်ဖို့  ညလုံးပေါက် ကြိုးစားလုပ်ခဲ့ကြတဲ့ အကြောင်းကိုလည်း အနောက်ဆူမားတြားရဲ့  သဘာဝအရင်းအမြစ် ထိန်းသိမ်းရေးအေဂျင်စီက ပြောပါတယ်။

အနောက်ဆူမားတြား သဘာဝဘေး လျော့ပါးရေးအေဂျင်စီ အကြီးအကဲ ရူဒီ ရီနာဒီ ကလည်း  ကယ်တင်ခဲ့တဲ့ တောင်တက်သမား တချို့ ဆေးကုသမှု ခံယူနေတဲ့ကြောင်း AFP ကို ပြောဆိုခဲ့ပါတယ်။

ကယ်မထုတ်နိုင်သေးတဲ့ တောင်တက်သမားတွေရဲ့ ကံကြမ္မာကိုတော့ ဘာမှ မပြောနိုင်သေးဘူးလို့ လည်း တာဝန်ရှိ တဲ့သူတစ်ယောက်က ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

Ref: AFP

ပုံစာပေါက်ကွဲပြီး ပြတွေလွှင့်နေတဲ့ မာရာပီမီးတောင် ကို တွေ့ရပုံ

Feature Image Credit: Reuters/Antara Foto/Septiyadi)

Visited 16 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *