
photo Credit: Antara Foto/Regional Disasters Mitigation Agenc(BPBD)/Reuters
ဂျကာတာ၊ နိုဝင်ဘာ ၂၃
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်ရဲ့ လူနေထူထပ်တဲ နေရာမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့်လူ ၂၆၈ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အင်အားပြင်းငလျင်ဟာ နေအိမ်တွေနဲ့ အဆောက်အအုံ အတာ်များများကို ပြိုကျပျက်စီစေခဲ့ပြီး ခုလို လူအသေအပျောက်လည်း များစေခဲ့တာပါ။
ငလျင် လှုပ်ခတ်အပြီး နောက်ထပ် လူ ၁၅၁ ဦး ပျောက်ဆုံးနေပြီး ၁,၀၀၀ ကျော် ကလည်း ဒဏ်ရာရရှိခဲ့တယ်လို့ နိုင်ငံရဲ့သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အေဂျင်စီ (BNPB) က ပြောပါတယ်။
ပြင်းအား ရစ်ခ်ျတာစကေး ၅ ဒသမ၆ အဆင့်ရှိတဲ့ အဲ့ဒိ ငလျင်ဟာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၁ မိနစ်က အနောက်ဂျာဗားမှာရှိတဲ့စီရန်ဂျာ ဒေသမှာ စတင်လှုပ်ခတ်ခဲ့တာပါ။ စာသင်နေတဲ့အချိန် ကျောင်းစာသင်ခန်း အဆောက်အအုံတွေ ပြိုကျခဲ့တယ် လို့ အမေရိကန် ဘူမိဗေဒ စစ်တမ်း (USGS) က ထုတ်ပြန်တဲ့ သတင်းတွေကတဆင့် သိရပါတယ်
တာဝန်ရှိသူတွေရဲ့ အစောပိုင်း အစီရင်ခံစာတွေအရ သေဆုံးသူစာရင်းမှာ ကွဲလွဲမှုတွေ ရှိခဲ့ပေမယ့် နောက်ဆုံး တရားဝင်ထုတ်ပြန်တဲ့ သတင်းတွေအရက အိမ် ၂၂,၀၀၀ ကျော် ပျက်စီးခဲ့ပြီး လူပေါင်း ၅၈,၀၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရ တယ်လို့ သဘာဝဘေးအန္တရာယ်ပျက်စီးဆုံးရှုံးမှု့တိုင်းတာရေးအဖွဲ့ ( BNPB) ဗိုလ်ချုပ် ဆူဟာရီတိုက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
“သေဆုံးသူအများစုဟာ ကလေးငယ်တွေ များတယ်လို့ ” အနောက်ဂျာဗားပြည်နယ်အုပ်ချုပ်ရေးမှူး ရစ်ဒဝမ် ကာမီးလ် က သတင်းထောက်တွေကို ပြောခဲ့သလို နောက်ထပ်ပြီးလည်း သေဆုံးသူဦးရေ ထပ်တိုးလာဖို့ ရှိတယ်လို့ လည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ငလျင်ဘေး တိုက်ရိုက် ကြုံခဲ့ရတဲ့သူ ကျေးရွာတစ်ခုက ဆာဟာရိုဆာ ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကတော့ “ကျွန်မတို့အားလုံး လယ်ကွင်းထဲမှာ စုပြီးနေရတယ် ကလေးတွေကလည်း ကြောက်လန့်ပြီး ငိုကြတယ်၊ အိမ်မှာရှိနေတဲ့ မိသားစုတွေအတွက် စိုးရိမ်တယ်” လို့ ပြောပါတယ်။
Ref: BBC
ငလျင်လှုပ်ခတ်အပြီး ပျက်စီးဆုံးရှုံးသွားတဲ့ မြင်ကွင်းများ






