ဘန်ဒေါင်း၊ မေ ၁၂
အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံးကျွန်း ဖြစ်တဲ့ ဂျာဗားကျွန်းမှာ ဘွဲ့နှင်းသဘင်အခမ်းအနားပြီးလို့ အလည်အပတ်ခရီးထွက်လာတဲ့ ကျောင်းသားတွေစီးလာတဲ့ ဘတ်စ်ကား အရှိန်လွန်ိပြီး တခြား ကားနဲ့ ဆိုက်ကယ်တွေကိုပါ တိုက်မိခဲ့တဲ့အဖြစ်အပျက်မှာ အနည်းဆုံး ၁၁ယောက်သေပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က မေလ ၁၂ ရက်မှာ ပြောဆိုလိုက်ပါတယ်။
အခင်းဖြစ် ဘတ်စ်ကားဟာ စနေနေ့ ညနေ ၆ နာရီ ၄၈ မိနစ်မှာ ဂျာဗားကျွန်းမြို့ ဖြစ်တဲ့ ဒီပေါ့ခ် က နာမည်ကြီး ခရီးသွားနေရာတစ်ခုဖြစ်တဲ့ လမ်ဘန် ဆိုတဲ့ နေရာကို သွားဖို့ ကျောင်းသူကျောင်သားနဲ့ ဆရာတွေအပါအဝင် လူ ၆၀ ကျော် ကားပေါ်လိုက်လာခဲ့ တာလို့ ဆိုပါတယ်။
ဘတ်စ်ကားတစ်စီး ရုတ်တရက် ထိန်းမနိုင်သိမ်းမရနဲ့ ဘယ်ဘက်ကိုစောင်းပြီး ကားနဲ့ ဆိုင်ကယ်သုံးစီးကို ဝင်တိုက်မိခဲ့တယ်လို့ အနောက်ဂျာဗားပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Jules Abraham Abast က တနင်္ဂနွေနေ့မှာ AFP ကို ပြောခဲ့တယ်လို့လည်းသိရပါတယ်။
“သေဆုံးသွားတဲ့ သူတွေထဲက ကိုးယောက်က ကျောင်းသားတွေဖြစ်ပြီး ကျန်တဲ့တယောက်ကတော့ ဆရာလို့ သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာတဲ့ တစ်ယောက် သေပြီး တခြား၁၃ ယောက်လည်းဒဏ်ရာအပြင်းအထန် ရပြီး နောက်ထပ် လူ ၄၀ လောက်လည်း ဒဏ်ရာ ကိုယ်စီ ရခဲ့တယ်လို့ သိရပါတယ်။
ဒေသဆိုင်ရာ ယာဉ်ထိန်းရဲချုပ် Undang Syarif Hidayat က ရုပ်သံဌာန Kompas ကို ပြောရာမှာ ယာဉ်တိုက်မှုမဖြစ်ခင်မှာ ဘတ်စ်ကားရဲ့ ဘရိတ် ချွတ်ယွင်းသွားတာလို့ ကနဦး မှတ်ချက်ပေးခဲ့ပေမယ့် အကြောင်းရင်း တိတိကျကျ ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
Ref: AFP/mi
ပုံစာ။ ပျက်စီးနေတဲ့ ဘတ်စ်ကားကို တွေ့ရပုံ
Feature Image Credit: AFP/Timur Matahari



