အင်ဒိုနီးရှားမှာ ကလေး ၉၉ ဦး သေဆုံးခဲ့ရတာနဲပတ်သက်ပြီး ချောင်းဆိုးပျောက်ဆေး အားလုံးကို ရောင်းချခွင့် ယာယီပိတ်ပင်

အင်ဒိုနီးရှားနိုင်ငံ က ကလေးချောင်းဆိုးဆေးရည်အမျိုးမျိုး
photo Credit: Algi Febri Sugita/ZUMA Press Wire

ဂျာကာတာ၊ အောက်တိုဘာ ၂၀

စူးရှတဲ့ ကျောက်ကပ် ထိခိုက်ဒဏ်ရာရပြီး ကလေးငယ် ၁၀၀နီးပါ သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားအာဏာပိုင်တွေက ချောင်းဆိုးဆေးရည်နဲ့ အခြားချောင်းဆိုးဆေးအမျိုးမျိုး ရောင်းချခွင့်ကို ရပ်ဆိုင်းလိုက်တယ်လို့ အောက်တိုဘာ ၂၀ရက် မြို့တော်ဂျာကာတာက လာတဲ့ သတင်းတွေအရ သိရပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာခဲ့တယ်လို့ဆိုတဲ့ အဆိုပါ ဆေးတွေမှာ အဆိပ်အတောက်ဖြစ်စေတဲ့ တားမြစ်ပစ္စည်းတွေပါနေတယ်လို့ ပြောဆိုပြီး သံသယရှိတဲ့ ဆေးရည်တွေ အပြင် မှတ်ပုံတင်မထားသေးတဲ့ အခြားဆေးရည်တွေကိုပါ စုံစမ်းစစ်ဆေးမှု အပြီးသတ်သည်အထိ ဆက်ပြီး စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။

လတ်တလောအခြေအနေမှာပဲ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ရှာရယ် က အသက် ၆ နှစ်အောက် ပြင်းထန်ကျောက်ကပ်ထိခိုက်ဒဏ်ရာရပြီးသေဆုံးခဲ့တဲ့ကလေး၉၉ယောက်နဲ့ အပြင်းအထန်ထိခိုက်သွားတဲ့ ကလေး ၂၀၆ ယောက်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

အရေးပေါ်ညွှန်ကြားချက်အနေနဲ့ ဝန်ကြီးဌာနအာဏာပိုင်တွေက လူနာတွေအတွက် ဆေးအရည် ဒါမှာမဟုတ် အခြား ဘာချောင်းဆိုးပျောက်ဆေးမှ မညွှန်ဖို့  ကျန်းမာရေးဌာနအားလုံးက ကျန်းမာရေးဝန်ထမ်းတွေကို ယာယီ တောင်းဆိုထားပါတယ်။ “ကျွန်ုပ်တို့ရဲ့ စုံစမ်းစစ်ဆေးမှုတွေမပြီးမချင်း ဆေးဆိုင်တွေအနေနဲ့လည်း ချောင်ဆိုးဆေးအရည် နဲ့  အခြားချောင်းဆိုးဆေးရောင်းချမှုအားလုံးကို ယာယီရပ်တန့် ပေးထားဖို့ကိုလည်း တောင်းဆိုပါတယ်” ဆိုပြီး ညွှန်ကြားချက်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

အခု ဖြစ်စဥ်မျိုး အခုလ အောက်တိုဘာ အစောပိုင်းမှာ အနောက်အာဖရိကနိုင်ငံ ဂမ်ဘီယာမှာ ပြင်းထန်ကျောက်ကပ်ဆိုင်ရာချို့ယွင်းမှုခံစားရပြီး ကလေး ၇၀ ဦးအထိ သေဆုံးခဲ့ရတဲ့ အိန္ဒိယလုပ် ချောင်းဆိုးပျောက်ဆေးလေးမျိုး ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။ ဒီနောက်တော့အိန္ဒိယအာဏာပိုင်တွေ  နယူးဒေလီမှာရှိတဲ့ စက်ရုံတစ်ရုံကို ဆေးဝါးများထုတ်လုပ်ခွင့် ပိတ်ပစ်ခဲ့ကြောင်းလည်းသိရပါတယ်။

Ref: CNN

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *