ပါပူဝါ၊ ဩဂုတ် ၆
အင်ဒိုနီးရှားနိုင်ငံ ပါပူဝါဒေသမှာ လှုပ်ရှားနေတဲ့ သေနတ်သမားတွေက ဩဂုတ်လ ၅ရက်ကရဟတ်ယာဉ် တစ်စီးကို ဝင်စီးခဲ့တဲ့ တိုက်ခိုက်မှုမှာ နယူးဇီလန် လေယာဉ်မှူး သေဆုံးခဲ့ပြီး လိုက်ပါလာတဲ့ ကျန်းမာရေးဝန်ထမ်း နှစ်ယောက်နဲ့ ကလေးနှစ်ယောက်ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အင်ဒိုနီးရှားလေကြောင်းကုမ္ပဏီ PT Intan Angkasa Air Service ရဲ့ လေယာဉ်မှူးတစ်ဦးဖြစ်သူ ဂလန်း မာကမ်း ကွန်နင်း ဟာ အနောက်ပါပူဝါလွတ်မြောက်ရေးတပ်မတော်( Free Papua Movement) က သေနတ်သမား တွေရဲ ပစ်ခတ်တာ ခံရပြီး သေဆုံးခဲ့တယ်လို့ ပါပူဝါပြည်နယ်မှာ ပူးတွဲလုံခြုံရေးငြိမ်းချမ်းရေးတပ်ဖွဲ့ကို ဦးဆောင်နေတဲ့ အမျိုးသားရဲအဖွဲ့ဝင် ဖိုက်ဇယ် ရာမဒ်ဟာနီ က ပြောပါတယ်။
သေနတ်သမားတွေက လေယာဉ်မှာ လိုက်ပါလာတဲ့ ဒေသခံ ပါပူဝါ ခရီးသည်တွေကို လွှတ်ပေးခဲ့ပြီး လေယာဉ် ကို မီးရှို့ခဲ့တယ်လို့လည်း သိရပါတယ်။
ပါပူဝါ လွတ်မြောက်ရေးတပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဆက်ဘီ ဆမ်ဘွန်းက အဲဒိ တိုက်ခိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ မြေပြင်က သူတို့ အဖွဲရဲ့ တိုက်ခိုက်ရေးသမားတွေဆီက သတင်းတစ်စုံတစ်ရာ မရရှိသေး တဲ့အ ကြောင်း အေပီသတင်းဌာနသို့ ပြောဆို ခဲ့ပါတယ်။
“ဒါပေမယ့် ဒီလိုဖြစ်လာရင် ငါတို့တားမြစ်နယ်မြေထဲကို ဝင်တာ သူ့အပြစ်ပဲ” လို့ ဆမ်ဘွန်း က ပြောပါတယ်။ အရပ်ဘက်လေယာဉ်တွေ ဆင်းသက်ဖို့ တားမြစ်ထားတဲ့ လက်နက်ကိုင်ပဋိပက္ခနယ်မြေဖြစ်တဲ့ အဲဒီနယ်မြေဟာ သူတို့ အဖွဲ့ရဲ့ ကန့်သတ်ဇုန်အောက်မှာ ရှိနေတာ လို့ အကြိမ်ပေါင်းများစွာ သတိပေးချက် ထုတ်ပြန်ထား တယ်လို့လည်း သိရပါတယ်။
Ref; CNN
ပုံစာ။ ပါပူဝါသူပုန်တပ်ဖွဲဝင်တချို့ကို တွေ့ရပုံ
Feature Image Credit: RNZ



