ဂျာကာတာ၊ အောက်တိုဘာ ၁
အင်ဒိုနီးရှားနိုင်ငံရဲ့ လအလိုက် ငွေကြေးဖောင်းပွမှုနူန်းတွေကို စစ်တမ်းကောက်ယူရာမှာ ၂၀၂၄ခုနှစ် စက်တင်ဘာလတစ်လလုံးအတွက် ငွေကြေးဖောင်းပွမှုက မျှော်လင့်ထားထာထက် ၁ဒသမ ၈၄ရာခိုင်နူန်းအထိကျဆင်းခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဖော်ပြခဲ့တဲ့ အချက်အလက်တွေကို အောက်တိုဘာ၁ရက် အင်္ဂါနေ့မှာ ဗဟိုဘဏ်က တရားဝင်အ ချက်အလက်တွေနဲ့ ပြသခဲ့တာဖြစ်ပြီး ပြီးခဲတဲ့ သြဂုတ်လမှာတော့ ၂ ဒသမ ၁၂ ရာခိုင်နှုန်း အထိရှိခဲ့တယ်လို့ သိရပါတယ်။
Reuters က ကောက်ယူထားတဲ့ လေ့လာသုံးသပ်သူချက်တွေအရ စက်တင်ဘာလမှာ နှစ်စဉ် ငွေကြေးဖောင်းပွမှု ၂ ရာခိုင်နူန်းအထိ ရောက်လာမယ်လို့ မျှော်လင့်ထားခဲ့ပေမယ် လက်တွေ့ဖြစ်မလာခဲ့ပါဘူး။ ပုံမှန်အားဖြင့် အင်ဒိုနီးရှားရဲ့ ငွေကြေးဖောင်းပွမှုဟာ အခုနှစ် ၂၀၂၄မှာ ၁ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ၃ ဒသမ ၅ ရာခိုင်နှုန်းကြား ရှိနေတယ်လို့ သိရပါတယ်။။
စာရင်းအင်းဗျူရိုကလည်း အောက်တိုဘာ ၁ရက် အင်္ဂါနေ့နှောင်းပိုင်းမှာ ငွေကြေးဖောင်းပွမှုဒေတာ အထိအကျကို ထပ်ပြီး ထုတ်ပြန်သွားမယ်လို့ ကြေငြာထားတဲ့ အကြောင်း သိရပါတယ်။
Ref: Reuters
ပုံစာ။ အင်ဒိုနီးရှားဗဟိုဘဏ်
Feature Image Credit: EAF



