အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် ၄၂ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းဝေး ကိုတက်ရောက်လိုတဲ့ သတင်းမီဒီယာ တွေ လျှောက်ထားဖို့ ဖိတ်ခေါ်

ရန်ကုန်၊ ဧပြီ ၁၁

လာမယ့် ၂၀၂၃ခုနှစ် မေလ ၆ရက်နေ့ကနေ ၁၁ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မှာ ကျင်းပမယ့် ၄၂ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို တက်‌ရောက်သတင်းယူလိုတဲ့ အင်ဒိုနီးရှားနိုင်ငံ ပြင်ပက မည်သည့် နိုင်ငံခြား သတင်းမီဒီယာမဆို ဧပြီ ၂၆ ရက်ထက်နောက်မကျဘဲ တက်ရောက်ခွင့် လျှောက်ထား နိုင်ကြောင်း ရန်ကုန်မြို့ အခြေစိုက် အင်ဒိုနီးရှား သံရုံးက သတင်း ထုတ်ပြန်ပေးထားပါတယ်။

လျှောက်ထားရာမှာ ပါဝင်ရမယ့် အချက်အလက်အထောက်အထားနဲ့ လျှောက်ထားရမယ့် လုပ်ငန်းအပြည့်အစုံ ပါဝင်တဲ့ Media Advisory Link ကိုလည်း ဖော်ပြပေးထားပါတယ်။

https://drive.google.com/file/d/1-KKcQNdm236lW2k9-vJCsGOr2UWXfCs9/view?usp=sharing
Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *