ဂျာကာတာ၊ စက်တင်ဘာ ၂၉
မျက်စိကွယ်နေတဲ့ အသက်၁၇ နှစ်အရွယ် အင်ဒိုနီးရှားက အဆိုတော်မိန်းကလေး ပူတရီ အာရီယာနီ တစ်ယောက် ကမ္ဘာ ကျော် အမေရိကန်ရဲ့စွမ်းရည်ပြိုင်ပွဲ တစ်ခု ဖြစ်တဲ့ America’s Got Talent ပြိုင်ပွဲရဲ့ နောက်ဆုံး ဗိုလ်လုပွဲကြီး ကျင်းပအပြီး မှာ နံပါတ်လေးနေရာချိတ်ခဲ့ပြီး စတုထ္ထရခဲ့တယ်လို့ သိရပါတယ်။
သူက နောက်ဆုံးဖိုင်နယ်အဆင့်မှာ အင်္ဂလိပ်အဆိုတော် စန္ဒယားဆရာ အယ်လတန် ဂျွန် ရဲ့”Don”t Let The Sun Go Down On Me” ကို ကိုယ်တိုင် စန္ဒယားတီးပြီးသီဆို ယှဥ်ပြိုင်ခဲ့တာလို့ လည်း သိရပါတယ်။
ပြိုင်ပွဲရဲ့ လူချစ်လူခင်အများဆုံး ဒိုင် တစ်ယောက်ဖြစ်တဲ့ ဆိုင်မွန် ကောင်းဝဲ့လ်က “ကျွန်တော်တို့ တွေ့ခဲ့ရတဲ့ ရှားပါးစိန်လေး တွေ ထဲက တစ်ခု” လို့ ဆိုပြီးလည်း ပူထရီ ကို ချီူကျူးစကားဆိုပါတယ်။
ကောင်းဝဲ့လ်ကပဲ က “ဒီရှိုးမှာ မင်းရဲ့အိပ်မက်တွေကို ဖြည့်ဆည်းပေးဖို့ မင်းဘ၀မှာ မင်းအများကြီးကျော် ဖြတ်ခဲ့ပြီးပြီ” လို့ လည်း ပြောခဲ့ပါတယ်။
ကံမကောင်းစွာနဲ့ပဲ ပူထရီဟာ ပထမ ဆုဖလားနဲ့ အမေရိကန်ဒေါ်လာ ၁ သန်းဆုတို့ကြေးကိုတော့ မရခဲ့ပါဘူး။
အီတလီ ခွေးလေ့ကျင့်ရေးဆရာ အက်ဒရီယန် စတိုအီကာ နဲ့ သူ့ရဲ့ခွေးလေး ဟာရီကိန်း တို့က ပထမဆု ရခဲပြီး မှော်ဆရာ အန်နာ ဒီ ဂူစမန်က ဒုတိယနဲ့ အကအဖွဲ့ Murmuration က တတိယနေရာ ရခဲ့တာ ဖြစ်ပါတယ်။
Ref: CNA/sr
ပုံစာ။ ပူထရီ အာရီယာနီ
Feature Image Credit : Jordan Strauss/Invision/AP)
ပူထရီရဲ့ နောက်ဆုံးဖိုင်နယ် ပြိုင်ပွဲဝင်ပုံကို အောက်က လင့်ခ် ကို နှိပ်ပြီး ယူကျူမှာ တိုက်ရိုက်ကြည့်ရူ့နိုင်ပါတယ်။