အချိုရည်သူဌေးကြီးကို ဒေါ်လာ သန်း၄၀ လိမ်လည်မှုနဲ့  ဗီယက်နမ်တရားရုံးက ထောင်ဒဏ်ချ

ဟိုချီမင်း၊ ဧပြီ ၂၅

ဗီယက်နမ်နိုင်ငံက ထိပ်တန်းအချိုရည် သူဌေးကြီ: တန်ဟစ်ပက် ကို အမေရိကန် ဒေါ်လာ သန်း ၄၀ လိမ်လည်မှုနဲ့ ကြာသပတေးနေ့ ဧပြီ ၂၅ ရက်မှာ ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ကွန်မြူနစ်နိုင်ငံ ဗီယက်နမ်ရဲ့ ကျယ်ပြန့်တဲ့အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုမှာ အရာရှိတွေ၊  အကြီးတန်းစီးပွားရေးပုဂ္ဂိုလ်တွေအပါအဝင်  တရားစွဲဆိုခံထားရသူ ၄၄၀၀ကျော်ရှိတယ်လို့ သိရပါတယ်။

တရားခံ ဖြစ်သူဟာ ၂၀၁၉နဲ့ ၂၀၂၀ ခုနှစ်တွေမှာ  ရင်းနှီးမြှုပ်နှံသူတွေကို လိမ်လည်လှည့်ဖြားခဲ့တဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ပြီး အခုလို အရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။ အမှုမှာ တွဲဖက်တရားခံတွေ အဖြစ် သူ့ရဲ့ သမီးနှစ်ယောက်လည်း ပါတယ်လို့ သိရပါတယ်။

အသက် ၇၁ နှစ်ရှိ အဖျော်ယမကာအဖွဲ့ရဲ့  ဥက္ကဋ္ဌ တန်ဟစ်ပက်ဟာ ရင်းနျီးမြုပ်နှံဖို့ဆိုပြီး ချေးငွေတွေ ထုတ်ပေးဖို့အတွက် ရယူထားတဲ့ အပေါင်ပစ္စည်းတွေ ကို လှည့်ဖျားရယူခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာမှာ ဖော်ပြထားပါတယ်။

ငွေချေးသူတွေဟာ  အတိုးနှုန်းအပါအဝင် ငွေပြန်ဆပ်ပေမယ့် သူဌေးက စာချုပ်ဖောက်ဖျက်ပြိး လိမ်လည်လှည့်ဖျားခဲ့တယ်လို့ ဆိုပါတယ်။

တရားရုံးက   တရားခံ တန်ဟစ်ပက်ရဲ့ အသက် ၄၃ နှစ်အရွယ် သမီးဖြစ်သူထရန် ဟန်ဖောင်ကို ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့သလို အသက် ၄၀ အရွယ် သမီးအငယ် ထရန် ငေါ့ ဘစ်ကို ထောင်ဒဏ် ၃နှစ် အသီးသီး ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Ref:AFP

ပုံစာ။ သူဌေး တန်ဟစ်ပက်ကို ရုံးထုတ်လာစဉ်

Feature Image Credit: AFP

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *