စင်္ကာပူ၊ ဇူလိုင် ၃
အခုနှစ် ၂၀၂၄မှာ မိုးအတော်ရွာသွန်းခဲ့လို မလေးရှားရဲ့ ဒူးရင်းအထွက်နူန်းက ၂၀ရာခိုင်နူန်းအထိကို ကျသွားခဲ့တယ်လို့ သိရပါတယ်။ အခုလို အထွက်နူန်းကျနေပေမယ့် အရောင်းအဝယ်ဈေးကွက်ကတော့ အရင်လိုပဲ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ဆိုပါတယ်။
မလေးရှားနိုင်ငံထွက် လတ်ဆတ်တဲ့ ဒူးရင်းသီးတွေကို တရုတ်နိုင်ငံကို တင်သွင်းဖို့ စီစဉ်နေသလို လူကြိုက်များတဲ့ ဆူးသီးလည်း ပြတ်လပ်သွားတာလည်း မရှိပါဘူးဘို့ စင်ကာပူတစ်ဝှမ်း ဒူးရင်းရောင်းတဲ့သူတွေက CNA ကို ပြောပါတယ်။
မလေးရှားနိုင်ငံမှာ ဒူးရင်းသီးရာသီက အများအားဖြင့် မေလကနေ သြဂုတ်လအထိ ကြာမြင့်တယ်လို့ ဆိုပါတယ်။
အခု မလေးရှားနိုင်ငံက ဒူးရင်းတင်ပို့ရောင်းချသူတွေ ၂၀၂၄ မှာရင်ဆိုင်နေရတဲ့ ပြသနာက ရာသီဥတု မမှန်တဲ့ ပြသတာပဲ ဖြစ်ပါတယ်။ မသေချာတဲ့ ရာသီဥတုအခြေအနေတွေကြောင့် အသီး အရေအတွက်နဲ့ အရည်အသွေးကို ထိခိုက်စေတယ်လို့ စိုက်ပျိုးတဲ့ သူတွေက ပြောပါတယ်။
ဒီနှစ် ၂၀၂၄ မှာတော့ Musang King အမျိုးအစားက ဒူးရင်းချစ်သူတွေ စာရင်းမှာ ထိပ်ဆုံးက ဆက်လက်ရပ်တည် နေတယ်လို့ သိရပါတယ်။
Ref: CNA
ပုံစာ။ မလေးရှားနိုင်ငံက ဒူရင်းသီးဆိုင်တစ်ဆိုင်
Feature Image Credit: CNA/Zamzahuri Abas)



