ဘန်ကောက်၊ ဖေဖေါ်ဝါရီ ၁၃
အကျဉ်းချခံနေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ တစ်ယောက် မကြာခင် လွတ်မြောက်လာလိမ်မယ်လို့ ထိုင်းနိုင်ငံတော်တရားရေးဝန်ကြီးက ဖေဖော်ဝါရီ ၁၃ ရက်၊ အင်္ဂါနေ့ မှာ တရားဝင် ပြောဆိုလိုက်ပါတယ်။
ဝန်ကြီးချုပ်ဟောင်းဟာ ၁၅ နှစ်ကြာ ပြည်နှင်ဒဏ်ခံရပြီး ၂၀၂၃ခုနှစ် ထိုင်း အထွေထွေရွေးကောက်ပွဲကာလမှာ ထိုင်းနိုင်ငံကို ပြန်လာခဲ့ပြီး ပစ်ဒဏ်တွေအတွက် အကျဥ်းကျခံနေရတာ ဖြစ်ပါတယ်။ အခု ၂၀၂၄ ဖေဖေါ်ဝါရီမှာ အကျဉ်းကျခံနေရတာ ခြေက်လပြည်ပြီမို့ ဒီလထဲမှာပဲ ပြန်ပြီး လွတ်မြောက်လာတော့မှာ ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနဲ့အတူ ရာထူးက ဖြုတ်ချခံရတဲ့ အငြင်းပွားဖွယ် ဘီလျံနာ သူဌေးကြီးကို ပြီးခဲ့တဲ့ သြဂုတ်လက အကျင့်ပျက်ခြစားမှုနဲ့ အာဏာအလွဲသုံးစားမှု စွဲချက်တွေနဲ့ ထောင်ဒဏ် ရှစ်နှစ် ချမှတ်ခဲ့ပေမယ့်လည်း ရက်ပိုင်းအတွင်း ဘုရင် မဟာဝိဇယလောင်ကွန်းက ထောင်ဒဏ် တစ်နှစ် အဖြစ် ပြောင်းလဲ သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
“သူဟာ စိုးရိမ်ရတဲ့အခြေအနေ ဒါမှမဟုတ် အသက် ၇၀ကျော်တဲ့အဖွဲ့ထဲမှာ ပါပါတယ်။ ခြောက်လအကြာမှာ သူ့အလိုလို ပြန်လွတ်လာမှာပါ” လို့ တရားရေးဝန်ကြီး က သတင်းထောက်တွေကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Ref: AFP
ပုံစာ။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်( ၂၀၂၃၊ ဩဂုတ်)
Feature Image Credit: AFP



